အခန်း ၁၄၇

Start from the beginning
                                    

"တစ်လတိတိ ပြင်းတဲ့အရည်တွေ မသောက်ရဘူး"

ကျိယောင်ဇီသည် ကျန်းလော့ကို ကရုဏာသက်စွာ ကြည့်လိုက်ပြီး စိတ်ပျက်စွာ ဝိုင်ပုလင်းကို သူ့နေရာသို့ ပြန်သယ်သွားသည်။ လျန်ချင်းနှင့် လျန်ပင်းသည် ကျန်းလော့ကို ကြည့်နေကြရင်း ကောင်းကင်သခင်ပြောတာကို ကြားကြသောအခါ သူတို့သည် အချင်းချင်းကြည့်ကြရင်း နှုတ်ခမ်းများတွန့်သွားကြသည်။

'ကောင်းကင်သခင်က တင်းကျပ်လိုက်တာ ငါတို့ဆရာ သူ့လိုမဟုတ်လို့် တော်သေးတယ်ဟ'

ဆန့်ကျင်ဘက်မှ ကျန်းလော့သည် စိတ်ထဲမထားဟန်ဖြင့် ရယ်မောလိုက်ကာ

"ဆရာ့အမိန့်အတိုင်းပါပဲဗျာ"

တံခါးများနှင့် ပြတင်းပေါက်များ ပိတ်ထားသောကြောင့် လူတိုင်းသည် စားသောက်နေကြရင်း နဖူးတွင် ချွေးများဆို့နေကြသည်။ ဟော့ပေါ့အိုးမှ အပူငွေ့ကြောင့် ပြတင်းမှန်များကို ရေငွေ့ရိုက်နေသည်။

အပြင်ဘက်တွင် မှောင်မည်းနေသော်လည်း အတွင်းဘက်မှ စားပွဲဝိုင်းသည် ဆူညံပြီး အသက်ဝင်လှသည်။ တာအိုဆရာတော် ဝေ့ဟယ်နှင့် ကျိယောင်ဇီတို့သည် ဖုန်းလီကို အတင်းဆွဲထားပြီး ဝိုင်များ တစ်ခွက်ပြီးတစ်ခွက်တိုက်နေကြသည်။ သူတို့ပုံစံသည် တမင်တကာ ဖုန်းလီကို မူးအောင်တိုက်ပြီး ဆေးထိုးချင်နေကြမှန်း သိသာသည်။

ညစာစားခြင်းသည် ကိုးနာရီထိုးမှ ပြီးဆုံးသွားခဲ့သည်။ ကိုးနာရီကျော်သွားသည်နှင့် အပြင်ဘက်မှ လေပြင်းသည် ဖြေးဖြေးချင်း ရပ်တန့်သွားသည်။ သို့သော် နောက်ထပ်အသံတစ်မျိုးသည် ဟိုးအဝေးကြီးမှလာနေသလို ထမင်းစားခန်းအထိ ရောက်လာသည်။

လျန်ရွှီသည် သေချာနားထောင်ကြည့်၍ တုံ့ဆိုင်းတုံဆိုင်းပြောလိုက်သည်။

"ဦးလေး အပြင်ဘက်က ကြားနေရတာ သီချင်းသံနဲ့တူတယ်နော်"

လျန်ချင်းသည် ခေါင်းကို ထပ်ကာထပ်ကာ ညိတ်၍

"သားလဲကြားတယ် ဦးလေး"

ဝေ့ဟယ်သည် တူကို ချ၍ အပြင်ဘက်မှ ကြားနေရသော ဝေဝေဝါးဝါး အသံကို သေချာနားထောင်ကြည့်လိုက်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now