ယင်းသည် ယေဘုယျအားဖြင့် တစ်ညလုံး သူမ ထွက်မလာတော့ပါဟု ဖော်ပြနေတာပင်။ နောက်တစ်နေ့မနက် နေထွက်လာသောအခါ သူမက ပုံမှန်အတိုင်းပြန်ဖြစ်သွားသည် ; ဆောက်တည်ရာမရလည်းမဖြစ်တော့၊ အကန့်အသတ်မဲ့သည့်ဒေါသများဖြင့်လည်း ပြည့်မနေတော့။သူမ​၏ အဆိုးမြင်ဝါဒီများအားလုံး ချေဖျက်လိုက်ပြီး ဘာမှမဖြစ်ခဲ့သယောင်ဆောင်နေလိမ့်မည်ဖြစ်သည်။

သူမ ကျွန်တော့်ကို နှစ်ချက်ပဲရိုက်ခဲ့မှန်း မှတ်မိသည့်တိုင် ကျွန်တော့်အဖို့ လွန်စွာ နာကျင်ခဲ့ရသည်။ နာလွန်းလို့ ကျွန်တော့်ပခုံးတွေကို အရှေ့ကောင်းကောင်းမဆန့်နိုင်ပဲ ညီမလေးအား တံခါးဖွင့်ပေးဖို့ပင် အခက်တွေ့ခဲ့ရ​၏။

ထိုစဉ်က ညီမလေးမှာ ဆယ်နှစ်ပင်မပြည့်သေး။ သူမက သေးကွေးပိန်ပါးသော်လည်း အားတော်တော်ရှိပြီး ဆေးအဆီလိမ်းပေးရာမှာလည်း ဆရာကြီးဖြစ်လေ​၏။

" ကိုကို, ဘာလို့ မေမေက ငါတို့ကို အရမ်းမုန်းတာလဲ ? "

ကျွန်တော်တို့အဖေ ကွယ်လွန်သွားကတည်းက " အဖေ " နှင့် ပတ်သတ်သည့် ခေါင်းစဉ်မှန်သမျှ မိသားစုမှာ တားမြစ်ထားသည်။ ဒါသည် ကျွန်တော်တို့ ကြီးပြင်းတိုးတက်မှုအား သက်ရောက်လာမည်စိုး၍ ဖြစ်သလို ၊ အဖေ​၏ အရိပ်အောက်မှ လုံးလုံးလျားလျား ရုန်းထွက်နိုင်စေရန်အတွက်လဲ ဖြစ်သည်။ အကျိုးဆက်ကတော့ ကျွန်တော့်ညီမလေးက လောင်ကျိဘယ်လိုသေသွားသလဲ ၊ ဘယ်လို လူမျိူးလဲဆိုတာတွေ တစ်ခုမှ မသိတော့ပေ။

များသောအားဖြင့် ကိစ္စတွေ ဒီလိုဖြစ်လဲကောင်းတာပဲဟု ကျွန်တော်တွေးမိသည်။ ကျွန်တော့်ညီမလေးကို အမှတ်တရကောင်းတွေဖြင့်သာ လုံးဝဥဿုံ ချန်လှပ်ထားစေမည်။ အဖေက ထူးချွန်သူ၊ တခြားသူတွေ ခံစားရမှာကို အတတ်နိုင်ဆုံးကူညီပေးခဲ့သည့် အကြီးမြတ်ဆုံး ဟီးရိုးဟု သူမ ယုံကြည်နေလျှင် အကုန်လုံးကောင်းနေပြီပင်။သို့သော် တခါတလေမှာတော့ ညီမလေးက ကျွန်တော့်အတွက် အမေ့အပေါ်မကျေနပ်ကြောင်းပြလာလျှင် ကျွန်တော့်မှာ သူ့ကို သနားရပြန်​၏။

အမေ ဘာကြောင့် သည်လိုဖြစ်လာရလဲ သူမ မသိခဲ့သလို ၊ ဒီလိုဖြစ်လာစေသော အကြောင်းအရင်းက ဘယ်သူလဲဆိုတာလဲ မသိရှာပေ။ အမေက ကျွန်တော်တို့ကို အမှန်တကယ် မမုန်းဘူးဆ်ိုတာကိုပင် သူမက မသိပါ။ အမေဟာ ထိုအမျိုးသားကျွန်တော်တို့အပေါ် ပုံရိပ်ထင်လာတာကိုပဲ စက်ဆုပ်နေတာဖြစ်သည်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now