" ယွမ်ပေါင် ၊ ဘာလို့ အစားကိုတောင် သေချာမစားတတ်ရတာလဲ ? မြန်မြန် ဒီကိုလာခဲ့ " ထိုအခိုက်ဝယ် ကျင်ချန်ယွီလဲ သူ့ညီလေးအား မတွေ့တော့ကြောင်း သိသွားပြီး အသံထဲ၌ ကူကယ်ရာမဲ့ဟန် စွက်နေသည်။
ကျင်ယွမ်ပေါင်က နှုတ်ခမ်းတွေတွန့်ကွေးသွားပြီး သူ့အစ်ကို စကားကို နည်းနည်းမှနားမထောင်ပေ။ ယင်းအစား သူက ငုံ့ကိုင်းလျက် ကျွန်တော့်ဘက်ရှိစားပွဲမှ သုတ်သုတ်ပျာပျာဖြင့် အမြန်ပြေးထွက်ကာ ပျောက်ကွယ်သွားတော့၏။
မျက်ခုံးကျုံ့လျက်ဖြင့် ကျင်ချန်ယွီက ဘေးမှာ ရပ်နေသော အစေခံကို တစ်ချက်အကြည့်ပို့လိုက်သည်။ သူမကလဲ တစ်ခွန်းပြောစရာမလိုပဲ သဘောပေါက်သွားပြီး သခင်ငယ်လေးအနောက်သို့ အမြန်လိုက်ပါသွားတော့သည်။
ကျင်ချန်ယွီက အစေခံ လုံးလုံးပျောက်သွားပါမှ အကြည့်လွှဲလိုက်၏။သူက စားပွဲပတ်ပတ်လည်မှာထိုင်နေသော သူများကိုတောင်းပန်သလိုဖြင့် : " တောင်းပန်ပါတယ်ဗျာ။ အားလုံးကို ရယ်ရစေမိပြီ "
ဖန်းလော့စူးက အသဲအသန် လက်ယမ်းပြလိုက်ကာ : " မလိုပါဘူး။မလိုပါဘူး။ သူက ကလေးလေးဆိုတော့ ထိုင်မနေနိုင်တာကပုံမှန်ပါပဲ။ "
ကျန်သူများကလဲ တစ်ယောက်ပြီး တစ်ယောက် သံယောင်လိုက်ကာ ကျင်ချန်ယွီအား စိတ်ထဲမထားဖို့ ပြောဆိုနေကြသည်။
ကျွန်တော် ရေခွက်ကိုကောက်၍ တစ်ကျိုက်မော့လိုက်မိ၏။ စိတ်အစဉ်မှာတော့ လေလွင့်နေတာကြာပြီပင်။
ကေသရာဇာကျွန်းဟာ နဂါးအိုင်သော်၎င်း ၊ ကျားသားရဲတွင်းသော်၎င်း နှိုင်းယှဉ်လို့ရသည်မို့ ကျင်ချန်ယွီဟာလည်း ဤတွင်နေထိုင်သော သရဲ သို့မဟုတ် နတ်ဆိုးနှင့်သာ တူသည်။ ထမင်းစားခန်းဟာ တောက်ပြောင်ကျယ်ဝန်းပြီး ၊ အစားအစာတွေကလဲ အရသာရှိပြီးအကြိုက်တွေ့စေသည့်တိုင် ကျွန်တော့်အဖို့ ပင်အပ်တွေပေါ်ထိုင်ပြီး ဖယောင်းကို ဝါးနေရသကဲသို့ခံစားရသည်။
ယခု ရန်ချင်းကျွမ်း ဘာတွေ တွေ့ကြုံနေရမည်နည်း? သူ့ အသက်အန္တရာယ်ရှိနေတာများလား ?
ငါဘယ်လိုလုပ်ရင် သူ့ကို ကူညီနိုင်မလဲ ?
အနည်းဆုံးတော့ ယနေ့လို သူဖြစ်လာခဲ့ခြင်းက ကျွန်တော့်မှာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိတာမို့ ဘေးကနေ မထုံတက်သေးနှင့် ထိုင်မကြည့်နေနိုင်ပါ။
![](https://img.wattpad.com/cover/350287068-288-k454681.jpg)
YOU ARE READING
အတ္တစိတ် || ဘာသာပြန် ||『Completed』
Romance" ငါ ခွေးကို ကြည့်နေခဲ့တာမဟုတ်ပါဘူး။ ငါကြည့်နေခဲ့တာက မင်း " This is Fan Translation.
Chapter - 5
Start from the beginning