အခန်း ၁၄၂

Start from the beginning
                                    

"မဟုတ်ဘူး"

သူသည် ကျန်းလော့ကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး

"အဲ့ဒါက ကံကြမ္မာစောင့်ရှောက်သူတွေလုပ်ထားတာ"

"သူက အဲ့ဒီ ယင်ယန်လက်ကောက်ကို ကျုပ်ဆိုင်မှာ ထားခဲ့ပြီး တစ်ယောက်ယောက် လာယူမှာကို စောင့်ခိုင်းခဲ့တာ"

ကျိယောင်ဇီက ပြောသည်။

"ရွှေရောင်ဂါထာ မန္တာန်တစ်ဆယ့်နှစ်ခုပါတဲ့ ယင်ယန်လက်ကောက် အဲ့ဒီပေါ်က မန္တာန်တစ်ခုချင်းစီတိုင်းကို ကျုပ်လက်တွေနဲ့ ထွင်းထုခဲ့တာ ရွှေရောင်မန္တာန်တစ်ခုက ကောင်းကင်ပေါ်မှ မကောင်းဆိုးဝါး ဝိဉာဉ်ရဲ့ တည်ရှိမှုကို ဆင့်ခေါ်ဖို့ရေးထားတာ ပြီးတော့ တစ်စုံတစ်ယောက်အတွက် ပြင်ဆင်ပေးထားတဲ့ လက်ဆောင်ဆိုပါတော့"

"ပြီးတော့ မင်း ယင်ယန်လက်ကောက်ကို ရှာတွေ့တဲ့သူက မင်းတစ်ယောက်ပဲ ရှိတယ်"

ကျန်းလော့မျက်နှာသည် ထိုစကားကို ကြားသည့်အချိန်တွင် ရုပ်ဆိုးသွားတော့သည်။

ကျန်းလော့သည် ယင်ယန်လက်ကောက်ကို တင်းကျပ်စွာ ဆုပ်ထားပြီး သူ့ကြောင့် ယင်ယန်လက်ကောက်မကွဲသွားခင်မှာပင် မျက်ခုံးတွန့်ပြီး မေးလိုက်သည်။

"ယင်ယန်လက်ကောက်မှာ သေချာပေါက် မန္တာန်တစ်ဆယ့်သုံးခုပါတာ"

"ကျုပ်စကားမဆုံးသေးဘူးလေကွာ"

ကျိယောင်ဇီက ပြောသည်။

"ယင်ယန်လက်ကောက်က ဆိုင်မှာရှိတာကြာလှပြီး ဖုန်တွေတက်နေတာတွေ့တော့ ကျုပ်က ပြန်ပြီးမွမ်းမံလိုက်တာ အဲ့ထဲမှာ လျှို့ဝှက်သတင်းစကားတစ်ခုလည်း ထပ်ဖြည့်လိုက်တယ်၊ ယင်ယန်လက်ကောက်က အခုဆို ပိုင်ရှင်ရဲ့ ကံကြမ္မာပေါ်မူတည်ပြီး အလုပ်လုပ်ပေးမှာ"

သူက ပုခုံးတွန့်လိုက်ပြီး

"မင်းနှိုးလိုက်တဲ့ ယင်ယန်လက်ကောက်မှာ ဘယ်လိုမျိုး အစွမ်းတွေရှိမလဲတော့ ကျုပ်မသိဘူး ဒါပေမဲ့ တခြား အရင်က လက်ကောက်သုံးခုနဲ့တော့ မကွာလောက်ဘူးထင်တယ်"

"တည်နေရာရှာဖွေတာနဲ့ ကံအကောင်းအဆိုးခွဲခြားတာရယ် ယင်ယန်ခွဲခြားဆုံးဖြတ်ပေးတာရယ်ပဲ မလား ဒါပေမဲ့ လူတိုင်းက သန်မာပြီး ပါရမီပါနေတာမှမဟုတ်တာ အထူးသဖြင့် ယင်ယန်လက်ကောက်ကိုတောင် မဖွင့်ရဲမဲ့သူတွေဆို ယင်ယန်လက်ကောက်ကို သုံးဖို့မပြောနဲ့ မြင်တောင်မမြင်နိုင်တာပဲကြည့်လေ"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now