အခန်း ၁၄၂

Start from the beginning
                                    

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်က ပြောသည်။

".................. ထားလိုက်တော့ ကျုပ်က မင်းကောင်းဖို့အတွက်ပဲ ဒီနားဆွဲကို ပေးခဲ့တာ ဘာလို့လဲဆိုတော့ ငါမင်းကို သူ့ကိုမသတ်စေချင်လို့............"

သူသည် စကားလွှဲပြောလိုက်သည်။

"ဒီလောကထဲမှာ အတော်ဆုံး လက်နက်သခင်က ဘယ်သူလဲသိလား"

လက်နက်သခင်ဆိုလို့ ခွမ့်ကျိန်းကိုပဲ တွေ့ဖူးသော ကျန်းလော့သည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

"ခွမ့်ကျိန်း"

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် အားရပါးရရယ်မောလိုက်ပြီး

"ဒီကောင်လေးက အရမ်းကို ပါရမီကောင်းတဲ့ ကလေးပဲ အဲ့ဒါကြောင့် ကျုပ်က သူ့ကို နည်းလမ်းတချို့ သင်ပေးခဲ့ရသေးတယ် ဒါပေမဲ့ မင်းတို့ပိုင်ဟွား တက္ကသိုလ်က ကျောင်းသားတိုင်းဝယ်သွားတဲ့ ကျူပ်ဆိုင်က ပစ္စည်းတိုင်းကို ဟောဒီက ကျုပ်လက်နှစ်ဖက်နဲ့ ကိုယ်တိုင်လုပ်ထားတာတွေကြီးပဲ အခုမင်းကိုင်ထားတဲ့ နားဆွဲတွေလည်း ကျုပ်လုပ်ထားတာ"

ကျန်းလော့သည် အံ့ဩသွားပြီး မထိန်းချုပ်နိုင်စွာ သူ့ကို ထပ်ကြည့်လိုက်မိသည်။ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် အလွန်ဂုဏ်ယူနေဟန် သူ့ရင်ဘက်သူပုတ်၍ လည်ပင်းမှ ပုတီးများ လွှဲယမ်းသွားအောင် ရယ်မောပြီး ပြောနေသည်။ ထို့နောက် သူသည် ကျန်းလော့ကို ကြည့်၍

"ကျုပ်ကတော်မှန်း သိနေပေမဲ့လည်း မင်းဆီက ချီးကျူးစကားကို စောင့်နေတယ်လေကွာ"

ကျန်းလော့ လက်မောင်းထဲမှ ဂျင်ဆင်းကလေးလေးသည် သူ၏ လုံးဝန်းသော အမြစ်ပုံစံ လက်ကလေးနှစ်ဖက်ကို အားရပါးရတီး၍ ချီးကျူးပေးနေသည်။

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် အနည်းငယ် ချောင်းဟန့်လိုက်ပြီး တခြားတစ်ခုအကြောင်း ပြောမလို့ရှိသေးသည် ကျန်းလော့က ဖြတ်မေးလိုက်သည်။

"ကျွန်တော့်ရဲ့ ယင်ယန်လက်ကောက်ကိုလည်း ခင်များ လုပ်ထားတာလား"

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်၏ မျက်နှာသည် အသုဘအခမ်းအနားထဲရောက်သွားသလို မည်းမှောင်အေးခဲသွားပြီး သူ့နှုတ်ခမ်းပေါ်မှ အပြုံးသည် လျော့တိလျော့ရဲဖြစ်သွားကာ ဖြေးဖြေးချင်း ဖြောင့်တန်းသွားသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now