အခန်း ၁၄၀

Start from the beginning
                                    

အကယ်၍ မကောင်းဆိုးဝါးနှင့် အိပ်မက်နည်းလမ်းသာ အလုပ်ဖြစ်ခဲ့ပါလျှင် နေ့တိုင်းနေ့တိုင်း လောကကြီးကို လစ်လျူရှု စိတ်ကုန်နေသလို ဟန်ဆောင်နေရမည်ဖို့ ဆုံးဖြတ်ထားသည်။ ခုနှစ်ရက်ကြာပြီးနောက် သူပြန်ကောင်းသွားလျှင် ဖြစ်သွားမည့် ချီယုံမျက်နှာကို ကြည့်ချင်သေးသည်။

ကျန်းလော့သည် သူဟန်ဆောင်နေသည်ကို သိသွားမည့် ချီယုံမျက်နှာကို မြင်ယောင်ပြီး မထိန်းချုပ်နိုင်တော့ဘဲ ဘောလုံးလိုကွေး၍ ပုခုံးများပင်လှုပ်နေအောင် ရယ်မောမိတော့သည်။ သို့သော် ရယ်နေရင်းမှာပင် သူအလွန်ပျင်းလာပြန်သည်။ မကောင်းဆိုးဝါး၏စကားများကို သူ့ပြန်ကြားယောင်မိသည်။

"ကိုယ် တကယ်ကို ကိုယ်တို့ချစ်သူတွေဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်ဖို့ ပြင်းပြင်းပြပြ လိုချင်လာပြီ"

မကောင်းဆိုးဝါးသည် သူ့လက်ချောင်းများနှင့် ကျန်းလော့လက်ချောင်းများကို တင်းကျပ်စွာ တွယ်ဆက်ထားရင်း ပြင်းပြင်းထန်ထန် ထိုးသွင်းကာ ချွေးစို့၍ လှိုက်မောနေသော အသံဖြင့် နားနားကပ်ပြီးပြောခဲ့သည်။

"မင်းပြောတာမှန်တယ် ကိုယ်မင်းကို အခု အရမ်း ကြိုက်နေတယ် "

"ကျန်းလော့ ကိုယ်မင်းကို သဘောကျတယ်"

သူဝန်ခံခဲ့သည်။

"ရှက်စရာကောင်းပါတယ်"

"အခုကစပြီး မင်းရဲ့ အရေပြားတစ်လက်မတိုင်း တစ်လက်မတိုင်းနဲ့ မင်းရဲ့ သွေးတစ်စက်ချင်းစီတိုင်း"

"အားလုံးက အခုကစပြီး ကိုယ့်အပိုင်ပဲ"

"ကျန်းလော့ မင်းက ကိုယ့်အပိုင်"

ဆောင်းရာသီ၏ နေရောင်ခြည်နွေးနွေးသည် လေထုထဲတွင် ရွှေမှုန်များ ကျဆင်းနေသလို တောက်ပနေသည်။ ကျန်းလော့သည် မနေ့ညက အတိတ်ကို ပြန်တွေးကြည့်ပြီး ကူကယ်ရာမဲ့စွာ စုတ်သပ်လိုက်သည်။

ကျန်းလော့သည် မနေ့ညတုန်းက သာယာမှုကြောင့် ချီယုံပြောခဲ့သည့် စကားနှင့်ပတ်သက်ပြီး ဘာမှပြန်မပြောခဲ့ရပေ။

'မင်းအပိုင် ဟုတ်လား'

'ဟမ့် အိပ်မက်မက်နေလိုက်'

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now