အပိုင်း {၁၇၆} (Z+U)

Start from the beginning
                                    

        သူတို့ ထွက်သွားတာ ခဏပဲ ရှိသေးသည်ကို ရှဲ့ချီက ဒီလိုဖြစ်သွားသည်။ ရှဲ့ချီကို နှိုးလို့ရမည့် နည်းလမ်း ရှာတော့မည့်အချိန်တွင် လီဟောက်က သူ့ကို ပြောလာသည်။ "အပြင်ထွက်ရအောင်။ သူအဆင်ပြေသွားမှာပါ။"

        ယွမ့်ဇျဲ မေးလိုက်သည်။ "မင်းက ဘာလို့ အဲ့လောက် သေချာနေရတာလဲ။"

           ရှဲ့ချီထံသို့ လီဟောက်၏ အကြည့်မှာ ရှုပ်ထွေးသည့် ခံစားချက်များနှင့် ပြည့်နေသည်။ "စစ်နျန်ဆိုတာ လွန်ခဲ့တဲ့ အနှစ် ၃၀ က နတ်ဘုရားတစ်ပိုင်းလူသားရဲ့ နာမည်ပဲ။"

        "ရှဲ့ချီက ဘယ်လိုလုပ် နတ်ဘုရားတစ်ပိုင်းလူသားရဲ့ နာမည်ကို ခေါ်နေရတာလဲ။" ယွမ့်ဇျဲမှာ ရှဲ့ချီအတွက် စိတ်ပူသွားပြီး ချက်ချင်းပင် မေးလိုက်သည်။

        လီဟောင့်မှာ အရင်က နတ်ဘုရားတစ်ပိုင်းလူသား၏ ကြီးကျယ်ခမ်းနားမှုများကို ပြန်တွေးနေပုံရသည်။ သူ၏ မျက်နှာထက်၌ လျှို့ဝှက်နက်နဲမှုများနှင့် ပြည့်နေပြီး ခေါင်းငုံ့ကြည့်ကာ ပြောလိုက်သည်။ "ရှဲ့ချီနဲ့ နတ်ဘုရားတစ်ပိုင်းလူသားက တော်တော်လေးကို နီးစပ်ဆက်နွယ်နေတာ။ ကျွန်တော် အစကတော့ ဒီအကြောင်းကို သူ့ဆီ လာပြောပြမလို့ပဲ။ သိပြီးသားဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး..."

        သူ ခဏရပ်ကာ တီးတိုးပြောလာသည်။ "အပြင်ထွက်ပြီး စောင့်နေရအောင်ပါ။"

*****************

        ရှဲ့ချီ အိပ်မက် မက်နေသည်။ နှစ်ပေါင်းများစွာ ကြာအောင် ရှဲ့ချီမှာ ထူးဆန်းသော အိပ်မက်များကို မက်ခဲ့သည်။

        အိပ်မက်ထဲတွင် သရဲများ၏ အော်ညည်းသံ၊ မျက်နှာ မမြင်ရသောလူများ၊ ထူးဆန်းသည့် ပုံပန်းသဏ္ဍာန်နှင့် အဆောက်အဦးများ၊ သွေး၊ အလောင်းများနှင့် အဆုံးမရှိနိုင်သည့် ချောက်ချားဖွယ်ရာများပင်။ လူ့နားဖြင့် ကြားနိုင်ခဲသည့်အသံလို ထူးဆန်းသည့် အော်သံတစ်ခုလဲ ရှိသည်။ ထိုအသံများကို သူမကြားနိုင်သော်လည်း ထိုအသံများ ရှိနေသည်ကိုတော့ဖြင့် သူသိသည်။

        သူနိုးလာသည့်အချိန်တိုင်း လမ်းပျောက်သလို အမြဲတမ်းခံစားရသည်။ သူ့စိတ်ထဲ၌ သူလုပ်ရမည့် အရာရှိသော်လည်း မေ့ပျောက်နေသလို ခံစားရလေသည်။ ထိုအသံက App ထဲသို့ သူမဝင်လာခင်ကတည်းက သူ၏ စိတ်နှလုံးကို များစွာ လှုပ်ခတ်နိုင်လေသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now