အပိုင်း {၁၇၆} (Z+U)

Start from the beginning
                                    

        ယွမ့်ဇျဲနှင့် ယန်ကျင်းကတော့ သဘောမတူပေ။

        လီဟောက်က ​တောင်းဆိုလာသည်။ "သူနဲ့ တွေ့လို့ရမလား။ စိတ်ချပါ။ ဇာတ်ကားဧကရာဇ်ရဲ့ အိမ်မှာ လုပ်ကြံလို့မရတဲ့ စနစ်သွင်းထားတယ်။ ဇာတ်ကားဧကရာဇ်ကို လုပ်ကြံဖို့ ကြံတာနဲ့ အဲ့ဒီစနစ် ပွင့်သွားပြီး လမ်းဆုံးသွားလိမ့်မယ်။"

        လီဟောက်သည် သူ့ ဖုန်းထဲတွင် ရှာကြည့်လိုက်သည်။ အာဏာမြင့်မှ မြင်ရသည့် သတင်းကို သူတို့နှစ်ယောက်လုံးအား ပြလိုက်သောအခါ သူလိမ်နေတာ မဟုတ်ကြောင်း တွေ့လိုက်ရသည်။

        ယွမ့်ဇျဲက ယန်ကျင်းကို ကြည့်ကာ သူ့အမြင်ကို မေးလိုက်သည်။ ယန်ကျင်းက ခေါင်းညိတ်ပြလာသည်။ နှစ်ယောက်လုံး သဘောတူညီမှုရကာ လီဟောက်အား ရှဲ့ချီ ရုံးခန်းတံခါးရှိရာ အပေါ်ထပ်ဆီသို့ ခေါ်သွားလေသည်။

        ယန်ကျင်းမှာ ရှဲ့ချီကို အနှောင့်အယှက် ပေးမိမည် စိုးသဖြင့် အရင် တံခါးခေါက်လိုက်သော်လည်း ပြန်မဖြေလာခဲ့ပေ။ ရှဲ့ချီ အိမ်ပြန်သွားပြီဟု တွေးလိုက်ကာ တံခါးကို တွန်းဖွင့်လိုက်သော် ရှဲ့ချီမှာ မျက်လုံးများ တင်းတင်းစေ့ပိတ်ကာ ဆိုဖာပေါ်၌ လဲနေသည်ကို တွေ့လိုက်ရသည်။ အိပ်ပျော်နေပုံ ရသော်လည်း သေချာပေါက် ကောင်းသော အိပ်ပျော်ခြင်းတော့ မဟုတ်ခဲ့ပေ။

        လီဟောက်က ထိုသည်ကို မြင်လိုက်သည်။ "ကျွန်တော် အပြင်ကပဲ စောင့်နေလိုက်မယ်လေ။"

        လေအေးပေးစက်ကို လျှော့ထားပြီး စောင်လည်း မရှိပေ။ ယန်ကျင်းမှာ ရှဲ့ချီကို နှိုးကို အိမ်ကို ပြန်အိပ်ခိုင်းတော့မည့် အချိန်တွင် ရှဲ့ချီက တိုးတီးစွာ ရေရွတ်လိုက်သည်။ “—စစ်နျန်။”

            "လေး ဘာဖြစ်တယ်။" ယန်ကျင်းက မေးလိုက်သည်။

            လီဟောက်မှာ အသေအချာ ကြားလိုက်ရပြီး သူ၏ အမူအရာမှာ ပြောင်းလဲသွားသည်။ ယွမ့်ဇျဲသည် လီဟောက်ကို သေချာသတိထား ကြည့်နေခဲ့သဖြင့် ထိုသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။

        တစ်ခုခုတော့ မှားနေပြီဟု ယန်ကျင်း ခံစားမိလိုက်ပြီး အရှေ့တိုးကာ ရှဲ့ချီကို နှိုးလိုက်သည်။ သို့သော် ရှဲ့ချီကတော့ အဆုံးမဲ့အိပ်မက်ထဲတွင် နစ်မြောနေသည့်အလား ခဏကြာအောင် နှိုးလို့မရပေ။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now