အခန်း ၁၃၅

Start from the beginning
                                    

လျန်ချင်းသည် ပြုံး၍ ပြောလိုက်သည်။

"ဦးလေးကလည်း ဦးလေး ကျွန်တော်တို့အတွက် စိတ်ပူရင်လည်း ဒီတိုင်းပြောလိုက်ပါဗျာ"

"ဒီကောင်စုတ်လေးကတော့ ငါက မင်းတို့ကို ဘာလို့စိတ်ပူရမှာလဲ"

တာအိုဆရာတော်ဝေ့ဟယ်သည် သူ့မုတ်ဆိတ်မွှေးကို မှုတ်လိုက်ပြီး သူ့ကိုကြည့်လိုက်သည်။

"ကျုပ်မင်းတို့ကို ဒီရက်ထဲမှာ တောင်ပေါ်က ဆင်းမလာသေးဘူးလို့ မပြောခဲ့ဘူးလား ဒါတောင် မင်းတို့ တောင်အောက်မှာ စိတ်ရှည်ရှည်မစောင့်ကြဘူး"

သူထိုစကားပြောနေချိန်တွင် ကျန်းလော့ကို ခနခနကြည့်နေသည်။ ကျန်းလော့သည် သူ့ကိုကြိုက်နေသော မကောင်းဆိုးဝါးကို စနောက်ခဲ့ရခြင်းကို ပြန်တွေးမိပြီး အတွေးထဲမှ မထွက်နိုင်ဖြစ်နေချိန်တွင် တာအိုဆရာတော်၏ အကြည့်ကို သတိထားမိလိုက်သောကြောင့် သူ့ဦးနှောက်ကို မြန်မြန်အလုပ်လုပ်ခိုင်းကာ တာအိုဆရာတော်၏စကားများကို ပြန်စဉ်းစားကြည့်လိုက်ရသည်။

တာအိုဆရာတော်ဝေ့ဟယ်သည် ပြန်လည်ကုစားခြင်းပြီး၍ တောင်အောက်ဆင်းမည်ဟု ပြောပြီး မဆင်းဖြစ်တော့ကာ တစ်ပတ်နေရင် ဆင်းလာမည်ဟု အကြောင်းကြားခဲ့သည်။ သို့သော် တစ်ပတ်ကြာပြီးသောအခါ မထင်မှတ်ထားဘဲ နောက်ထပ်သုံးရက် နောက်ကျပြန်သည်။ ထိုသုံးရက်ပြီးပြန်သောအခါ တောင်တစ်ခုလုံးနှင်းမုန်တိုင်းကြောင့် နှင်းများပိတ်နေကာ ဆင်းမလာနိုင်ပေ။

အချိန်ကွာဟမှုသည် အလွန်တိုက်ဆိုင်လွန်းနေသည်။ လျန်ရွှီနှင့် တခြားနှစ်ယောက်သည် ကောင်းကင်ကိုကြည့်၍ ကံကြမ္မာတွက်ချက်ခြင်း လုပ်လေ့လုပ်ထမရှိဘူးဆိုလျှင်တောင် တာအိုဆရာတော် ဝေ့ဟယ်ကတော့ သေချာပေါက် နှင်းမုန်တိုင်းကို ခန့်မှန်းမိပြီးသား ဖြစ်နိုင်သည်မှာ တစ်ရာရာခိုင်နှုန်းသေချာသည်။

ကျန်းလော့သည် ခေါင်းငုံ့၍ ထိုသူတကယ်ခန့်မှန်းခဲ့မမှန်းခဲ့ တွေးကြည့်နေသည်။

သူသည် ခန့်မှန်းမိပြီး တမင်တကာ တောင်အောက်ဆင်းရန် အချိန်ဆွဲနေခဲ့ပြီး ဝေ့ဟယ်သည် ကျန်းလော့၏ အညစ်အကြေးရှင်းလင်းမည့်ကိစ္စကို ဝင်မပါချင်သည်မှာ ရှင်းရှင်းကြီး ထင်ရှားနေသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now