အခန်း ၁၃၀

Start from the beginning
                                    

လျန်ရွှီက ပြောသည်။

"ဘာမှားလို့လဲ"

ကျန်းလော့သည် သူ့လက်ထဲမှ အနက်ရောင်ဝတ်စုံကို ကြည့်၍

"တော်တော်ကြီး လွယ်နေလို့ကွာ"

"ဒါပေမဲ့ ဒီကထွက်ရတော့မှာဆိုတော့ ကောင်းတဲ့ကိစ္စပါ အစ်ကိုကြီးရယ်"

လျန်ရွှီသည် ချောင်းဆိုးလိုက်ပြီး သူမျမျက်နှာသည် သွေးမရှိသလို အနည်းငယ် ဖြူဖျော့နေကာ

"ညီမနေ့ရောညရော မနားရသေးဘူး မနေ့ညက အအေးမိသွားပြန်ပြီ ပြီးတော့လဲ ဒီနေ့ကြောက်စရာကိစ္စကြီးကြုံပြီး ခေါင်းကိုက်လာသေးတယ်"

ကျန်းလော့ကတော့ လျန်ရွှီတကယ် အအေးမိတာ မဟုတ်လောက်ဘူးပဲ ထင်သည်။

"စံအိမ်မှာတုန်းထဲက အဖျားနည်းနည်းရှိနေတာမလား ဒီလိုရုပ်ပိုင်းဆိုင်ရာ မကြံ့ခိုင်တာ မကောင်းဘူး လျန်ရွှီ မင်းပြန်ရောက်ရင် လေ့ကျင့်ခန်းလုပ်သင့်တယ်နော်"

လျန်ရွှီ၏ မျက်လုံးထောင့်များသည် လခြမ်းကွေးသဏ္ဍာန် ကွေးတက်သွားပြီး

"ညီမလဲ အဲ့လိုလုပ်ဖို့တွေးထားပါတယ် အစ်ကိုကြီး"

"ဒါဆို တို့တွေ ဒီလောကထဲက ထွက်ပြီးရင် ဘယ်တော့မှ ပြန်မလာရတော့ဘူးမလား"

လိရှောင်းသည် သောကရောက်ထိတ်လန့်စွာ မေးလိုက်သည်၊၊ လျန်ချင်းက အားတက်သရောပြောလိုက်သည်၊

"ဒါပေါ့ ဒီမှန်လောကကြီးက ပြိုကွဲသွားမှာ ပြီးရင် ကျွန်တော်တို့ ဒီစိတ်ပျက်စရာလောကကြီးထဲ ဘယ်တော့မှ ပြန်လာစရာမလိုတော့ဘူး"

လိရှောင်းသည် လုံးဝကြီး စိတ်သက်သာရာရသွားကာ တီးတိုးရေရွတ်လိုက်သည်။

"ကောင်းတယ် ကောင်းတယ် ............."

ဂူအပြင်ဘက်တွင် ဖြစ်သည်။

မည်သူမျှ မမြင်နိုင်သော အမှောင်ထဲတွင် ချီယုံသည် မတ်တပ်ရပ်နေပြီး ဘာမှနားမလည်သော မျက်နှာထားဖြင့် ဂူထဲမှသူများ ပြောသမျှကို နားထောင်နေသည်။

မှန်ထဲက လောက ပြိုကျနေပြီ ထွက်သွားကြမယ်

ချီယုံသည် ဉာဏ်ကောင်းသည့်သူဖြစ်သောကြောင့် သူတို့စကားများ၏ ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်သွားသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now