အခန်း ၁၂၆

Start from the beginning
                                    

ကျန်းလော့သည် ပြဇာတ်ကို အလွန်စိတ်ဝင်စားနေသောကြောင့် နှုတ်ခမ်းထောင့်များ ကော့တက်သွားပြီး သူသည် ပြဇာတ်ထဲသို့ ဆီလောင်းထည့်ချင်စိတ်များ တဖွားဖွားပေါ်လာတော့သည်။

မီးထဲသို့ လောင်စာထည့်ရာတွင် ကျန်းလော့သည် အလွန်တော်ပြီး မီးတောက်ကြီးဖြစ်လာတာကို စောင့်ကြည့်ရခြင်းအား နှစ်ခြိုက်သဘောကျသူဖြစ်သည်။

ကျန်းလော့ပြုံးလိုက်ပြီး သူ့မျက်လုံးများတွင် အန္တာရာယ်အငွေ့အသက်များမသဲကွဲစွာ ပေါ်လာပပြီး အနမ်းခံလိုက်ရသော နေရာကို ရှက်ကိုးရှက်ကန်းကိုင်ကြည့်၍ ရှက်ပြုံးပြုံးကာ

"ကျွန်တော် နားဖို့မလိုသေးပါဘူး"

သူ့နားအဖုလေးကို လက်ချောင်းထိပ်ဖြင့် ခပ်ဖွဖွပွတ်သပ်၍ ထိုနှစ်ယောက်ကို ခိုးကြည့်လိုက်ရာ နှစ်ယောက်စလုံး၏ မျက်လုံးများသည် သူ့တစ်ကိုယ်လုံးကို မသိမသာ ကြည့်နေကြလေသည်။

ယူနီဖောင်းဝတ်ထားသော သခင်လေး၏ မျက်လုံးများသည် သူ့ကိုယ်ပေါ်မှ ချီယုံ့လက်များကို စူးစိုက်ကြည့်နေတော့သည်။ အကြာကြီး ကြည့်နေပြီးမှ နှေးကွေးစွာ ပြုံးလိုက်သော်လည်း လူနှစ်ယောက်ကို ခွာပစ်ချင်သော မမြင်နိုင်သော အရှိန်အဝါကိုတော့ မဖုံးဖိခဲ့ပေ။

ထိုလူကပြောသည်။

"စိတ်ဝင်စားစရာပဲ"

ကျန်းလော့ကတော့ အလွန်ပျော်နေသည်။

'ဘာကိစ္စတည့်တည့်ရှုရှုနေကြမှာလဲ တိုက်ခိုက်ကြ ရန်ဖြစ်ကြ ရန်ဖြစ်ကြလို့'

တပ်အရာရှိသည် ကြားဖြတ်ဝင်ပြောလိုက်သည်။

"သခင်လေး လူသေကို စစ်ဆေးဖို့ ဆက်သွားကြတော့မလား"

သခင်လေးသည် အိမ်တော်ထဲကို ကြည့်လိုက်ပြီး

"ကောင်းပြီ အလုပ်အရင်လုပ်ကြတာပေါ့"

ကျန်းလော့နှင့် ချီယုံ့နောက်သို့ လိုက်သွားလိုက်သည်။ သို့သော်ကျန်းလော့သည် ခြေလှမ်းအနည်းငယ်သာ လျှောက်ရသေးသည် ရုတ်တရက် ခလုတ်တိုက်မိသွားပြီး သတိမထားမိစွာ ဟပ်ထိုးလဲကျသွားသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now