ကျန်းလော့သည် အလွန်ရယ်ချင်နေသောကြောင့် အံတင်းတင်းကြိတ်ထားပြီး ကြောက်ရွံ့နေဟန်ဖြင့် အောက်ငုံ့နေရသည်။
သတင်းစာကို ကျန်းလော့ဘေးတွင် ရပ်နေသော ဆယ်ကျော်သက်ကောင်လေးသည် ပုတ်ထုတ်လိုက်ပြီး ကျန်းလော့ပုခုံးကို လက်တစ်ဖက်ဖြင့် သိုင်းဖက်လိုက်သည်။ ထို့နောက် ချီယုံက ပြုံးလိုက်ကာ
"သခင်လေး ဒါက ကျွန်တော့် ဇနီးကျန်းလော့ပါ မျိုးရိုးက ကျန်းလေ ကျွန်တော်နဲ့ လက်ထပ်ထားပေမဲ့ ချီမျိုးနွယ်ဝင်စစ်စစ်တော့ မဟုတ်ဘူးပေါ့ဗျာ"
ကျန်းလော့သည် တိတ်ဆိတ်နေပြီး ယူနီဖောင်းဝတ်ထားသော သခင်လေးနှင့် ဆယ်ကျော်သက်ချီယုံတို့၏ အမူအယာကို တလှည့်စီအကဲခတ်နေကာ အူမြူးနေလေသည်။
သခင်လေးသည် ခပ်ဟဟရယ်လိုက်ပြီး
"မင်းဇနီးတဲ့လား"
ချီယုံသည် ကျန်လော့ဘက်သို့ စောင်းကြည့်လိုက်ရာ သူ့လည်ပင်းပေါ်မှ အနမ်းရာများနှင့် လက်သည်းရာများသည် အင်္ကျီကော်လာအောက်မှ အပြင်သို့ ပေါ်ထွက်လာပြီး တမင်တကာပြနေသလို ရှင်းရှင်းလင်းလင်း မြင်ရစေသည်။
"သခင်လေးမှာ ပြောစရာရှိရင် ကျွန်တော့်ကိုသာ ပြောပါဗျာ ကျုပ်ဖူးရန်က အခုမှ အိမ်တော်ထဲ လက်ထပ်ဝင်လာကာစဆိုတော့ အိမ်တော်အကြောင်း ဘာမှသိပ်မသိသေးဘူးဗျ"
ပြောနေရင်းမှာပင် ကျန်းလော့၏ ဆံပင်ညှိနေမှာကို စိုးရိမ်သော အကြည့်ဖြင့် ဆံပင်ကို နားနောက်သို့ သပ်ပေးလိုက်ပြီး ကျန်လော့၏ နားအဖုလေးဘေးကို ညင်သာစွာ နမ်းလိုက်ပြီး
"ဖူးရန် အခန်းပြန်ပြီး အရင်နားလိုက်ချင်လား"
ကျန်းလော့ နားပေါ်သို့ ကြောက်မက်ဖွယ်အေးခဲနေသော အကြည့်ရောက်လာပြီး ကျန်လော့သည် သူ့နားတစ်ဖက် လောင်ကျွမ်းသွားတော့မလို ခံစားလိုက်ရသည်။
လေထုသည် တစ်စုံတစ်ခုတော့ မှားယွင်းနေသည်။ ယူနီဖောင်းဝတ်ထားသော သခင်လေးသည်လည်း တစ်ခုခုမှားနေသလိုမျိုး နူးညံ့ပြီး ကြင်နာတတ်သော သူ့ဘေးမှ ဆယ်ကျော်သက် ချီယုံသည် လည်း တစ်ခုခုမှားနေသလို ထင်ရပြီး ထူးဆန်းသော ထိတ်တိုက်ရင်ဆိုင်ပွဲတစ်ခု ကြည့်နေရသလို ဖြစ်နေသည်။
YOU ARE READING
ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)
Horrorဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။
အခန်း ၁၂၆
Start from the beginning