အခန်း ၁၁၄

Start from the beginning
                                    

ထိုအချိန်တွင် သူ့နားထဲသို့ တက်ကြွသော အသံများ ဆက်တိုက်ဆိုသလို ကျယ်လောင်စွာ ကြားလိုက်ရသည်။ အိုးစည်ဗုံမောင်းသံများသည် ကျေးလက်ရိုးရာမင်္ဂလာပွဲကဲ့သို့ မြူးထူးနေပြီး လူကြီးများနှင့် ကလေးများ၏ စကားပြောသံများကိုလည်း ရံဖန်ရံခါ ကြားရသေးသည်။

"ကျန်းပင်းချန် ရှင် ကလေးကို ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရက်နိုင်ရတာလဲ "

အမျိုးသမီးသည် ကျယ်လောင်စွာအော်ဟစ်လိုက်သောလည်း သူမအသံသည် တဖြည်းဖြည်း ဆို့နစ်နေသလို တိမ်ဝင်သွားသည်။ နောက်ဆုံးတွင် သူမသည် အသံတုန်တုန်ဖြင့် နူးညံ့စွာ ချော့မော့ပြောသည်။

"ရှင်ဘယ်လိုများ လုလုကို ချီမိသားစုထဲကို လက်ထပ်ပေးနိုင်ရတာလဲ"

ထိုစကားတစ်ခွန်းတွင် အချက်အလက်အများကြီးပါသော်လည်း ကျန်းလော်အတွက် ထိုအချက်အလက်များကို မစဉ်းစားနိုင်သေးပေ။ အဘယ့်ကြောင့်ဆိုသော် သူ့အာရုံအလုံးစုံကို အမျိုးသမီး၏ အသံက ဖုန်းလွှမ်းသွားသောကြောင့်ပင် ဖြစ်သည်။

ထိုအသံသည် ဆယ်နှစ်ကျော်ကြားအောင် သူမကြားခဲ့ရသော အသံဖြစ်ပြီး သူ့ဘဝတွင် အရင်းနှီးဆုံး အမျိုးသမီးဖြစ်သည့် သူ၏ တကယ့်ကမ္ဘာမှ အမေ ရှောင်းရန်၏ အသံဖြစ်သည်။ ကျန်းလော်မျက်လုံးများသည် ချက်ချင်းဆိုလို ပြူးကျယ်လာတော့သည်။

မှောင်မည်းပြီး ကျဉ်းကျူပ်သော နေရာတစ်ခုဖြစ်သည့် ဝေါယာဉ်ကို တစ်စီးလုံး အနီရောင်ဖြင့် အလှဆင်ထားပြီး ကျန်းလော်သည် ခေါင်းငုံ့ကြည့်လိုက်သောအခါ သူသည် အနီရောင် ရိုးရာသတို့သား ဝတ်စုံကို ဝတ်ဆင်ထားသည်။

'အမျိုးသားမင်္ဂလာဝတ်စုံလား'

အပြင်ဘက်မှ ထိုင်ခုံတွင်ထိုင်နေသော အမျိုးသားသည် စိတ်မရှည်မှုဖြင့် ပြောသည်။

"သူက ယောက်ျားလေးပဲလေ လက်ထပ်လိုက်တာ ဘာကိုဆိုလိုတာလဲ သူက ဒီတိုင်းချီမိသားစုထဲမှာ နှစ်နည်းနည်းလောက် အချိန်ဖြုန်းပြီး သွားနေရုံပဲလေကွာ ကိုယ်မင်းကို ပိုက်ဆံအပြည့်နဲ့ အိတ်ကြီးကြီးတစ်လုံးပေးမယ် အင်္ကျီလှတာလေးတွေ သွားဝယ်လိုက်ကွာ ကောင်းပြီလား"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now