အခန်း ၁၁၁

Start from the beginning
                                    

ကောင်လေးသုံးယောက်ကတော့ အဆင်ပြေသော်လည်း လျန်ရွှီသည် အလွန်ဖြူဖျော့နေကာ နှင်းတွေကြားထဲတွင် လမ်းဆက်လျှောက်ရန် ခက်ခဲနေတော့သည်။

ကျန်းလော်သည် လက်ချောင်းဖြင့် တွက်ချက်ကြည့်လိုက်ပြီး စိတ်သက်သာသွားပုံရကာ အငယ်သုံးယောက်ဘက် လှည့်ပြီး အော်ပြောလိုက်သည်။

"ရောက်ခါနီးပြီ အားတင်းပြီး ဆက်လျှောက်ကြ"

စကားပြောပြီးနောက် ချောင်းအကြိမ်ကြိမ်ဆိုးသွားတော့သည်။ လေအေးများသည် စကားတစ်ခွန်းပြောတိုင်း သူ့လည်ချောင်းတိုင်း အလုံးအရင်းလိုက်ဝင်ကြကာ သူ့လည်ချောင်းကို ဆွဲဖြဲနေသလို နာကျင်နေသည်။

လျန်ရွှီ၏ဝိဉာဉ်သည် အားတက်သွားပြီး ရှေ့ဆက်လျှောက်ဖို့ အားအင်များပြန်ရသွားသည်။

နှင်းမုန်တိုင်းလာသောအခါ ပတ်ဝန်းကျင်တွင် မှုန်မှိုင်းပြီး မည်းမှောင်နေသောကြောင့် ရှေ့သို့ မမြင်ကြရပေ။ သူတို့ဘယ်လောက်ကြာအောင်သွားခဲ့သည် မသိ သူတို့ရှေ့တွင် နွေးထွေးသော မီးရောင်များကို မြင်လိုက်ရသည်။ လေပြင်းများနှင့် နှင်းများကြားတွင် ခပ်ရေးရေးသာ မြင်ရသော မီးရောင်သည် သူတို့အတွက် ဘုရားသခင်ကို တွေ့လိုက်ရသလိုပင်။

လျန်ချင်းသည် စိတ်လှုပ်ရှားစွာ ပြောသည်။

"အဲ့ဒီမှာ တစ်ယောက်ယောက် ရှိလောက်တယ်ဗျ"

အလင်းရောင်ကို မြင်လိုက်ရသောကြောင့် သူတို့ခြေလက်များသည် အားအင်ပြည့်ဝလာသလို ခံစားကြရသည်။

သူတို့အုပ်စုသည် မီးရောင်နောက်သို့ လိုက်သွားကြရာ ကောင်းမွန်သော သစ်သားအိမ်ရှေ့သို့ ရောက်သွားကြသည်။

ကျန်းလော်သည် အရင်ရှေ့ထွက်လိုက်ပြီး တံခါးခေါက်ကြည့်သည်။ ထို့နောက် လျန်ရွှီကို အသံတိုးတိုးဖြင့် မေးလိုက်သည်။

"တောင်ပေါ်မှာ ဒီလိုသစ်သားအိမ်တွေ ရှိလား"

"ဟုတ်ရှိတယ် အစ်ကိုကြီး"

လျန်ရွှီသည် ပင်ပန်းစွာ နံရံကို မှီလိုက်ပြီး

"နွေရာသီမှာ အပူရှောင်ဖို့ ဒီလိုစံအိမ်သေးသေးလေးတွေ လာဆောက်ပြီး နေတဲ့ သူတွေရှိတယ် အဲ့လိုအိမ်ဆောက်ပြီး လာနေတဲ့သူတွေက တကယ့်ထိပ်တန်းမိသားစုတွေပဲ ရှိတာ အစ်ကိုကြီး "

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now