သူ့လက်ဝှေ့ရမ်းမှုနှင့်အတူ အနက်ရောင်အရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။လှိုင်းထန်နေသော ရေကန်၏ မျက်နာပြင်ပေါ်တွင် ရွက်လှေငယ်တစ်စင်း ရှိနေလေသည်။

ပုဖန် ရှေ့တစ်လှမ်းတိုး၍ ငါးမျှားတံကိုကိုင်ဆောင်ကာ လှေငယ်ပေါ်သို့တက်လိုက်သည်။  သူ ကျယ်ပြောလှပြီး အေးစက်နေသော ရေကန်ကြီးကို စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။  ပြင်းထန်သော စိတ်စွမ်းအင်တစ်ခု ရုတ်တရက် ပျံ့နှံ့သွားသည်။ 

သစ်ရွက်လှေသည် ငြိမ်သက်နေသော ရေကန်ပေါ်သို့ ပြုတ်ကျလာသော ကျောက်တုံးနှင့်တူပြီး အပြင်ဘက်သို့ လှိုင်းဂယက်များ ပျံ့နှံ့သွားလေသည်။တဟုန်ထိုး အသံတစ်ခု ပဲ့တင်ထပ်လာလေသည်။

ရုတ်တရက် အမည်မသိ အင်အားတစ်ခုက လှေငယ်လေးကို ရှေ့သို့ တွန်းပို့ခဲ့ပြီး ဖြည်းညှင်းစွာ ရွေ့လျားသွားလေသည်။ပုဖန် ငါးမျှားတံကိုကိုင်ကာ လှေကိုယ်ထည်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။သူ ယခုထိတိုင်အောင် ငါးဖမ်းဖို့ မစတင်ရသေးပေ။အဘယ့်ကြောင့်ဆိုသော် ငါးဖမ်းရန် သင့်တော်သောနေရာသို့ ရောက်သည်ဟု မခံစားရသေးပေ။

မရပ်မနားရွာနေသော မိုးသည် ပိတ်ထားသော ကန့်လန့်ကာနှင့်ပင်တူ၏။  လှေငယ်လေးပေါ်မှ  တစ်ဦးတည်းသော ပုံရိပ်လေးက မိုးသည်းထန်စွာရွာသွန်းမှုကို ကြံကြံ့ခံ တွန်းလှန်နေလေသည်။  သူ ဆည်းဆာရေကန်၏ အလယ်ဗဟိုဆီသို့ ဆက်လက် ရွေ့လျားနေ၏။

ထိုအချိန်၌ ကမ်းစပ်တွင် အရိပ်များ ပေါ်လာလေသည်။ ပြင်းထန်သောလေ၏ တိုက်ခတ်သံကြောင့် မိန်းကလေး၏ အပြာရောင် ၀တ်စုံသည် လေထဲတွင် လွင့်ပျံသွားလေသည်။  သူမ၏ သေးသွယ်ကျစ်လစ်လှသော ခန္ဓာကိုယ်လေးသည် လေ၏အောက်တွင် အလွန်ထင်ရှားလွန်းလှသည်။

ပုဖန်သည် မိုးရေထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး သူမမျက်မှောင်ကြုတ်လိုက်မိသည်။

"ဒီစားဖိုမှူးက ဘာသွားလုပ်မှာလဲ" 

သူမ တိုးတိုးလေးပြောလိုက်သည်။

"မဒမ် လန်ကျီ ဆည်းဆာရေကန်က ငါတို့ရှေ့မှာရှိနေတယ်...  မိုးရွာရင် ရေကန်က အရမ်းအန္တရာယ်များတယ်... ငါတို့ရှေ့ဆက်ရမှာလား..." 

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora