နယ်သာရီက ကျေနပ်ပြုံးကြီးပြုံးလိုက်သည်။ ထို့နောက် သူပျော်ရွှင်စွာဖြင့် ထမင်းကြော်များကိုပါးစပ်ထဲ အပြည့်ဖြည့်လိုက်သည်။

နံရိုး ချိုချဉ်ကြော်များကို အားပါးတရစားနေသော ဘလက်ကီကလည်းပုဖန်တို့နှစ်ယောက်ကိုကြည့်နေလိုက်သည်။

ဒီနေ့ ကောင်လေးပုဖန်ကြည့်ရတာ တစ်ခုခုကြံစည်နေပုံရတယ်....

ပုဖန်က ကြင်နာဟန်ဖြင့် ခေါင်းလေးအသာ စောင်းငဲ့ထားရုံသာမက သူမျက်နှာပေါ်တွင်လည်း အပြုံးအကြီးကြီးရှိနေသည်။ထိုအမူအရာက ခွေးဘုရင်ကို သက်ာမကင်းဖြစ်လာစေသည်။

ပုဖန်၏ အပြုံးကြောင့် သူ့လည်ပင်းမှအမွှေးများပင်ထောင်ထနေ၏။

"နယ်သာရီ...ဒီစားအစာတွေကအရသာရှိတယ်ဆိုတော့လေ နင်ကိုယ်တိုင်ချက်ပြုတ်ချင်လား"

ပုဖန်၏ အပြုံးကပျောက်ကွယ်သွားပြီး လေးနက်အမူအရာဖြင့်မေးလိုက်သည်။

ပုဖန်၏ အမေးကြောင့် နယ်သာရီ ခဏမျှ တုန်သွားသည်။.ထို့နောက် ပုဖန် ကိုကြည့်လိုက်ပြီး ခေါင်းတစ်ဖက်တစ်ချက်စီ ယမ်းခါလိုက်သည်။

"မလုပ်ဘူး ...ငါက စားပဲစားချင်တာ..."

"နင်က စားပဲစားချင်တယ်..."

ပုဖန် သူစကားကို သံယောင်လိုက်၍ ရွတ်လိုက်သည်။ သူနှလုံးသားထဲသို့ မမြင်နိုင်သော မြှားတစ်စင်းဝင်ရောက်စိုက်သွားသလိုပင်ခံစားလိုက်ရသည်။

"နင်ပြောတာ မှန်တယ် နယ်သာရီ...နင်က အရမ်းကို ရဲရင့်တာပဲ..."

ပုဖန် အငြင်းခံလိုက်ရသောကြောင့် ခွေးဘုရင်ပြုံးလိုက်၏။

ပုဖန် သူ၏နှာခေါင်းကို အသာယာပွတ်လိုက်ပြီး ခွေးဘုရင်ဘက်သို့ လှည့်လိုက်သည်။

"မင်းရော.. ဘယ်လိုလဲ...အရသာရှိတဲ့နံရိုးချိုချဉ်ကြော်တွေ ကိုယ်တိုင်ချက်ချင်လား..."

"ဝါသနာမပါဘူး...ဒီဘုရင်ကလည်း စားပဲစားချင်တာ..."

ခွေးဘုရင်က မောက်မာစွာဖြင့် ခေါင်းခါယမ်းလိုက်ပြီး သူ၏ နံရိုးချိုချဉ် ကြော်တစ်ပိုင်းကိုကောက်ယူလိုက်သည်။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now