ထိုဖြစ်ရပ်က လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ထို့အပြင် ထိုရှုရမျှော်စင် အပိုင်းအစတစ်ခုကိုလည်း သူတို့ဂိုဏ်းမှ တပည့်တစ်ယောက်က ခိုးယူသွားခဲ့လေသည်။

ရှေးဟောင်းရှုရမြို့တော်အတွက် ကြီးမားသည့် အရှက်ကွဲမှုပင် ဖြစ်ပြီး လုံးဝ ခွင့်မလွှတ်နိုင်စရာပင်ဖြစ်သည်။ဒီတစ်ကြိမ်၌ သူတို့က ရှုရမျှော်စင်ကို လိုက်ရှာပြီး  ပြန်၍ သယ်ဆောင်သွားရမည်ဖြစ်သည်။

ယခု တည်နေရာကိုအာရုံခံမိလေရာ မည်ကဲ့သို့ စိတ်မလှုပ်ရှားပဲ နေပါမည်နည်း။

"ဒီမှာ ကျောက်ရေပူတွေ စီးဆင်းနေတာဆိုတော့ ငါတို့ အဲ့ဒီထဲကို တိုက်ရိုက်ခုန်ဆင်းလိုက်ရင် အဆင်ပြေပါ့မလား..."

"ဒါက ကျောက်ရေပူလေးပဲလေ ဘာမှ ကြောက်စရာမလိုဘူး...ပြီးတော့ အဲ့ဒီကျောက်ရေပူအောက်မှာ ရှုရမျှော်စင်ကို ထိန်းချုပ်ဖို့ တစ်စုံတစ်ယောက်ရှိတယ်လို့ ငါခံစားရတယ် ...ငါတို့ မြန်မြန်လုပ်ရမယ် အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင် ရှေးဟောင်းရှုရ မြို့တော်က မဟုတ်တဲ့ လူတစ်ယောက်က ရှုရမျှော်စင်ကို ထိန်းချုပ်သွားနိုင်လိမ့်မယ်...အဲ့ဒီလိုသာဆိုရင်တော့ ငါတို့ ရှုရမြို့တော်အတွက် အိပ်မက်ဆိုးဖြစ်သွားလိမ့်မယ်..."

မီရှက စကားဆုံးသည်နှင့် ကျောက်ရေပူထဲသို့ ခုန်ဆင်းသွားလိုက်သည်။

ဗွမ်း....

မီရှက အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး သူ့၏ အရေပြားခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံ ထားလိုက်ပြီး ကျောက်ရေပူထဲ တဖြေးဖြေးနစ်မြှုပ်သွားလေသည်။ဘေး၌ ရပ်ကျန်နေခဲ့သော တစ်ယောက်ကလည်း သက်ပြင်းချလိုက်ပြီး မီရှနောက်မှ ခုန်ဆင်းသွားလိုက်သည်။

.....

သွေးများ ပြန့်ကျဲသွားသည်။နောက်ထပ် သိုင်းပညာရှင်တစ်ယောက် နန်ကုန်းရွှမ်ဟယ်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြန်သည်။ထိုသူစီမှ စီးဆင်းလာသော သွေးများက မြေပြင်ပေါ်၌ အိုင်ငယ်တစ်ခုပင် ဖြစ်နေပေသည်။နန်ကုန်းရွှမ်ဟယ်က ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် တခြားသူများကို ဝေ့ဝဲကြည့်လိုက်သည်။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now