" သူ​ချောတာ နင်က ဘယ်လိုသိလဲ။ "

" Instagramမှာ ပုံတစ်ပုံ တင်ဖူးတယ်။ အဲ​နေ့မှာပဲ ​တော်​တော်​လေး နာမည်ကြီးသွားလို့ မှတ်မိ​နေတာ။ ​နောက်​တော့ အနုပညာကို လူ​ကြောင့် အား​ပေးတာမျိုး မလိုချင်လို့ထင်တယ်။ ဖျက်သွားတာ။ အဲဒီပုံ ငါ့ထဲမှာရှိတယ် ပြမယ်။ ပြီးခဲ့တဲ့ တစ်နှစ်​ကျော်​လောက်ကပုံ။ "

မွန်မွန်​ကျော်က ​ဘေးက သူ့ရည်းစားမြတ်သူမှ အားမနာဘဲ မ​ဟော်၏ ​ချော​ကြောင်းကို ချီးကျူး​နေကာ ဖုန်းထဲမှ ရှာပြီး ​​သောကိုပြသည်။ဆံပင် အလယ်ခွဲနဲ့ မ​ဟော်က နက်​စွေး​နေတာ​တွေချည်း ဝတ်ထားကာ Long Coatထပ်ဝတ်ထားသည့်ပုံဖြစ်သည်။

" မြင်လား ... နင်ကြိုက်တဲ့ပုံစံမျိုး။ ကြိုက်လား။ "

​သောက ပုံကို​သေချာကြည့်ပြီးမှ ပြုံးကာ ​ပြောလိုက်သည်။

" ကြိုက်တာ​ပေါ့။ ငါ့​ရဲ့ ယောကျ်ားပဲဟာ။ "

" ဘာကြီး "

" အင်း ...  ငါနဲ့လက်ထပ်ထားတယ်ဆိုတာသူ။ ​နယ်​ဝေးမလို့ နင်တို့ကို အားနာလို့ မဖိတ်ဖြစ်တာ။ "

" မဟုတ်ဘဲနဲ့။ "

မွန်မွန်​ကျော်က မယုံသင်္ကာဖြင့် သော၏ မျက်နှာကို ​သေချာလိုက်ကြည့်​နေသည်။မြတ်သူကပါ အသွင်တူစွာ ​သောကို ကြည့်​နေပြန်သည်။ ​သောက ရုပ်တည်ကြီးနဲ့ ​နောက်တတ်လို့ မယုံကြ​ပေ။

" တကယ်​ပြောတာ ... အပြန်ကျရင်လာကြိုမှာ။ အဲဒီကျမှ ကြည့်။ "

" ဒီ​လောက်လန်းတဲ့သူက နင့်လို အ​ပေအ​တေ အရိုင်းအစိုင်းကို ဘယ်ကဘယ်လိုများ ... "

" ဒါ​တော့ နင်တို့ အမြင်​လေ။ သူ့အမြင်ကျ​တော့ ငါက နုနုဥဥ ​အဖိုးတန် ရွှေကြုပ်​လေးလို ဖြစ်​​နေ​တော့ သည်းသည်းကို လှုပ်လို့။ "

​သော၏ စကားကို သူငယ်ချင်း နှစ်​ယောက်လုံးက ​အော့အန်ပြကြသည်။ ​သောက သွားကိုက်​နေသည့်ဘက်က ပါး​လေးကို ကိုင်ထားရင်းမှ ပြန်​ပြောဖို့​ပေမယ့် ဆရာမ လာ​နေပြီမို့ ပါးစပ်က​လေး ပြန်ပိတ်သွားသည်။

........................
တစ်နာရီ နားချိန်​ရောက်​တော့ ​သောက ​အနားမှ ဆိုင်က ချောကလတ်​ချောင်းနှင့်အသားညှပ်​ပေါင်မုန့်သာ ဝယ်စားလိုက်သည်။ ​သောက အပြင်ထွက်မစား​တော့ သူငယ်ချင်း​တွေလည်း ​သောနှင့်အတူသာ ပုံစံတူ ဝယ်စားဖြစ်သည်။

North  Star (Completed)Where stories live. Discover now