အခန်း ၁

3.6K 30 0
                                    

အချစ်ဆိုတာ ကိုယ့်မှာမရှိတဲ့အရာတစ်ခုကို မလိုချင်တဲ့သူတစ်ယောက်ထံသို့ ပေးကမ်းခြင်းပဲ။

(Jacques Lacan )

*******

ကောင်းကင်ကြီးတစ်ခုလုံးကို တိမ်ညို၊ တိမ်မည်းတွေကအုပ်စိုးထားကြသည်။ မကြာခင် မိုးသည်းကြီးမည်းကြီး ရွာချတော့မည်မှန်း ဟင်္သာသိလိုက်သည်။ ငါထီးပါလာရဲ့လားဆိုပြီး သတိတစ်ချက်ရသွား၍ လွယ်အိတ်ထဲလက်ထည့်စမ်းကြည့်တော့ မတွေ့ပေ။ သူမ လွယ်အိတ်တစ်ခုလုံးကို မွှေနှောက်ပြီး ရှာကြည့်သေးသည်။ ဟင် မတွေ့။ ဒါဆိုသေချာသည်။ အိမ်မှာ မေ့ကျန်ခဲ့တာဖြစ်ပေမည်။ ချက်ချင်းပင် ဖတ်လက်စစာအုပ်ကို အမြန်ပိတ်ပြီး သုတ်တီးသုတ်ပျာထပြေးလာခဲ့သော်လည်း စာကြည့်တိုက်အပြင်ဘက် ပေါ်တီခုံအောက်လည်းအရောက် မိုးကလည်း ဟုန်းခနဲနေအောင် တအားရွာချလိုက်သည်။

ဟာ သေပြီပဲ။ ဒီနေ့ အတန်းထဲမှာ essay test ရှိသည်။ခုနေမိုးရေထဲပြေးသွားမည်ဆိုလျှင် အတန်းထဲမရောက်ခင် တစ်ကိုယ်လုံးရွှဲနှစ်သွားပေမည်။ ဟင်္သာ၏စာသင်ဆောင်က စာကြည့်တိုက်နှင့် တော်တော်လေးလှမ်းသည်။ မိုးကတော်တော်နှင့် စဲမည့်ပုံမပေါ်၊ မိုးစဲချိန်ကိုသာစောင့်နေလျှင် test လွတ်သွားပေမည်။ ဘာဆက်လုပ်ရမှန်းမသိ၍ ခေါင်းကုတ်ရင်း စိတ်ပျက်လက်ပျက်ရပ်နေသော သူမဘေးသို့ တစ်စုံတစ်ယောက်ရောက်လာသည်။ သူမ လှည့်ကြည့်လိုက်တော့ ... သူ ။ ပြီးတော့ သူ့လက်ထဲမှာ ထီးတစ်လက်။ သူ ဖြစ်နေသောကြောင့် အကူအညီတောင်းဖို့ကို အနည်းငယ်တွန့်ဆုတ်သွားမိပေမဲ့ အချိန်မရှိတာကြောင့် သူမ အရဲတင်းရင်း ပြောမိသည်။

" ဟို ... ဟိုလေ "

အေးစက်စက်မျက်လုံးတွေနှင့် သူမကို တစ်ချက်ဝေ့ကြည့်ပြီး သူမ ဘာတစ်ခွန်းမှဆက်မဟနိုင်ခင်လေးမှာတင် သူ့လက်ထဲကထီးကိုဖွင့်၍ သူမဘေးမှထွက်ခွါသွားခဲ့သည်။

ဟင်္သာသည် သူမ တစ်ယောက်တည်းအပေါ်သာကွက်ပြီး အေးစက်နေသော သူ့အပြုအမူကို အခုချိန်ထိနားမလည်နိုင်ပေမဲ့ အသားကျနေပြီဖြစ်သည်။ တကယ်ဆို သူနှင့်သူမက စာသင်ဆောင်တစ်ခုတည်းမှာ။ သူ့အနေနဲ့ အနည်းဆုံးတော့ ထီးအတူမိုးသွားဖို့ ကမ်းလှမ်းလို့ရတာပဲလေ။ သူမမှာ ထီးမပါလာတာကို သူမပုံစံကြည့်လိုက်တာနှင့်တင် ပါးနပ်သည့်သူ ရိပ်မိမှာပဲ။ ဒါပေမဲ့ သူ သူမကို လျစ်လျူရူခဲ့သည်။

The Sound of Raindrops ( မိုးစက်ပွင့်တို့ ကြွေသံ )Where stories live. Discover now