အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး

Start from the beginning
                                    

"ကိုကိုက လက်ဆောင်ပေးရကျိုးနပ်တဲ့သူပဲ...
ကျွန်တော်ထိုးပေးထားတဲ့မာဖလာကိုလည်း သေချာလေးပတ်ပေးတယ်၊ နွေးတယ်မလား..."

"အင်း..."

"အဲ့ဒါအတွက်ရော ထပ်ပြီးအသိအမှတ်ပြုမပေးချင်ဘူးလား..."

ကျွန်တော် ထပ်ပြီးခေါင်းထိုးပေးဖို့လုပ်လိုက်တော့ နဖူးကနေ အသာတွန်းလွှတ်ရင်း မသိမသာပြုံးတယ်။

"အထဲဝင်တော့... ငါပြန်တော့မယ်"

"ခဏလေး..."

"..."

"ဒါက ကျွန်တော်အသိအမှတ်ပြုတဲ့ပုံစံ..."

သူ့ဆွယ်တာလည်ဝိုက်နား လက်ကလေးနဲ့ကိုင်၊ ခေါင်းထိုးပြီး ကြည့်သလိုလုပ်ရင်း လည်တိုင်ကို ခပ်သွက်သွက်နမ်းလိုက်တော့ ကိုကိုက တောင့်တောင့်ကြီးဖြစ်ပြီး ကြောင်သွားပုံပဲ။

"အဟွန်း... Good night ကိုကို..."

အသားယူပြီးတာနဲ့ လှစ်ခနဲ အိမ်ထဲဝင်ပြေးသွားလိုက်တာမို့ သူမျက်ခုံးကျုံ့ကြည့်တာ မခံရတော့ဘူး။ သူ့ဆွယ်တာကိုသူ ငုံ့ကြည့်မိရင်တော့ ဘယ်ဘက်ရင်အုံနားမှာ ကပ်လျက်ရှိနေတဲ့ sticker note ကို သူမြင်ရလိမ့်ဦးမယ်။

'ကိုကို့ကို ကျွန်တော်ချစ်တယ်'

ကျွန်တော် ကိုကို့ဒိုင်ယာရီကို ခိုးဖတ်တုန်းက ရေးထားတာကို တွေ့လိုက်ရပါတယ်။ ဒီဇင်ဘာက ကိုကို့အတွက် ဘယ်တုန်းကမှ သဘောမကောင်းခဲ့ဘူးဆို...။

အတိတ်ကဖြစ်ခဲ့သမျှတွေကြောင့် ဒီလိုသတ်မှတ်မိတာဖြစ်မယ်ဆိုတာ နားလည်ပေမယ့် အခုပစ္စုပ္ပန်မှာဖြစ်ဖြစ် ကျွန်တော်တို့အဲ့ဒါကို ပြောင်းပြန်လှန်ပစ်လို့ မရနိုင်ဘူးလား။ ဆုတောင်းတွေ ပြုရင်းဖြစ်ဖြစ်...။ ဆန္ဒတွေ ရွတ်ရင်းဖြစ်ဖြစ်လေ....။

အရင့်အရင်ဒီဇင်ဘာတွေမှာ ဘယ်လိုကိစ္စမျိုး‌တွေ ဖြစ်ခဲ့ပါစေ... ဒီနှစ်ဒီဇင်ဘာမှာတော့ ခင်ဗျားကို စိတ်ချမ်းသာစေချင်တယ် ကိုကိုရာ။ တကယ်ကိုပဲ...။

ဒါပေမယ့်... တန်ခိုးရှင်တစ်ပါးပါးဆီရောက်ရမယ့် ကျွန်တော့်ဆုတောင်းတွေပဲ လမ်းကြောင်းမှားကုန်သလား။နှလုံးသားမရှိတဲ့ဒီဇင်ဘာက နောက်ဆုံးလက်ကျန်ပြကွက်တစ်ကွက်ကို မဆင်မခြင်ရိုက်ချလိုက်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြဘူး။ ဘယ်သူမှလည်း ဒီလိုဖလင်ချပ်မျိုး မလိုချင်ခဲ့ကြဘူး။

Heartless December❄️ ZG version Where stories live. Discover now