အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု

Start from the beginning
                                    

"မင်းကို အဲ့ဒါဘယ်သူပြောတာလဲ..."

"ကိုကိုရဲ့ အတော်ဆုံးတပည့်လေးက သူများပြောတာကို လိုက်ပြောရတာ ဝါသနာမပါဘူး... ကိုယ့်ဟာကိုယ်ပဲ ဆိုရိုးထွင်တာ..."

"အဲ့တော့ ဘာပြောချင်တာလဲ..."

"အဲ့တော့ ကိုကိုနွေးသွားအောင် ကျွန်တော်ဖက်ထားချင်တယ်"

"မလိုဘူး "

"ကိုကိုသိလား... ကိုကို ဆေးရုံဆင်းတာ ကျွန်တော်တော့ တကယ်စိတ်လှုပ်ရှားတယ်"

"တစ်လခွဲလောက် လူနာလုပ်နေရရာကနေ ပုံမှန်ဘ၀ထဲ ပြန်ဝင်ရတာပါပဲ... စိတ်လှုပ်ရှားစရာ ဘာမှမပါဘူး"

ဒီစကားပြောလို့မကောင်းတဲ့သူကတော့...။

ကျွန်တော်ကသာ စိတ်လှုပ်ရှားမှုဖော်ပြနေပေမယ့် တစ်ဖက်စောင်းရန်ခုန်ရတဲ့ အဲ့ဒီလူကတော့ ကျွန်တော့်ကိုဂရုမပြုဘဲ တစ်ခုခုအာရုံစိုက်ပြီး လုပ်နေတယ်။ ဆေးရုံခန်းထဲ ထိုင်နေခဲ့ရတာကများတာမို့ အသစ်လုပ်ထားပေမယ့် အမြဲမတပ်ခဲ့ရတဲ့ မျက်မှန်ပါးလေးကိုထုတ်ပြီး မှန်ချွတ်ဆေးဖျန်းလို့ ကျကျနန တယုတယ သုတ်နေတာလေ။ အသစ်လုပ်ထားတာဆိုတော့ အရင်တစ်လက်ထက်တောင် ပိုယုယဦးမယ်။

မျက်မှန်လေးကိုတပ်၊ ညာဘက်ကိုင်းကလေးကို လက်နှစ်ချောင်းနဲ့ပင့်ပြီး နေရာညှိလိုက်တာမြင်ရတော့ အခုမှပဲ သူ့မျက်နှာကပြည့်စုံသွားတယ် အောက်မေ့မိသလို။ အခုမှ သူ့ပုံစံက သူ့ပုံစံအပြည့်အ၀ပြန်ဖြစ်သွားသလို။

"ကိုကို မျက်မှန်တပ်မထားတုန်းက ကျွန်တော့်ကိုဘယ်လိုမြင်ရလဲ..."

"နည်းနည်းဝါးပေမယ့် မင်းမှန်းသိတယ်
အဲ့လောက်တော့ ငါမြင်ရပါတယ်၊ ပြီးတော့...
မင်းက တစ်ချိန်လုံး ဒီလောက် အနားကပ်နေတာ"

"အဟဲ... ကိုကို အာရုံစိုက်ပြီး ကြည့်နေရမှာ စိုးလို့လေ...
အခုတော့ ပိုကပ်ရတော့မယ်"

'ဘာကိစ္စနဲ့လဲ' ဆိုတဲ့အကြည့်က မှန်ပါးလေးကိုဖြတ်ပြီး တန်းခနဲ ရောက်လာတယ်။ ပြန်ဖြေရတာပေါ့။

"လိမ္မာတဲ့ခွေးကလေးမှာက နေကောင်းတာနဲ့ လျှောက်သွားတော့မယ့်သခင်ကို လိုက်စောင့်ရှောက်ဖို့ရာ တာဝန်ရှိတယ်လေ..."

Heartless December❄️ ZG version Where stories live. Discover now