"အင်း... ဆိုပါတော့... အကောင်းကြီးတော့လည်း မဟုတ်ဘူး၊ အခုထိ စကားမပြောနိုင်သေးဘူး... ကောင်းကောင်း မလှုပ်ရှားနိုင်သေးဘူး... ဖြေးဖြေးချင်းပဲ ပုံမှန်အတိုင်းပြန်ဖြစ်အောင် ကြိုးစားရမှာပေါ့..."
"မင်းလည်း ပင်ပန်းမှာပဲ..."
ဟိန်းသူရက ကျွန်တော့်ကိုကြည့်ပြီး အဲ့လိုပြောလာတော့ မပီမပြင်ပြုံးပြီး ခေါင်းခါလိုက်တယ်။
"ကိုကိုက အများကြီးပိုပင်ပန်းတာပါကွာ..."
"အသီးတွေ ၀ယ်လာတာလား..."
စက်ဘီးမှာချိတ်လာတဲ့ အသီးအိတ်ကို မျက်စပစ်ပြနေတဲ့ ကြောင်ဂေဟာမှူး။
"ဟုတ်တယ်... vitamin စုံအောင် စားရမယ်ဆိုလို့..."
"မင်းက ဂရုစိုက်တတ်ပါတယ်...
အဲ့ဒီအစ်ကို မကြာခင်သက်သာလာမှာပါ""အင်း... သေချာပေါက် အဆင်ပြေသွားမှာပါ..."
ဖျော့တိဖျော့တော့ကျနေတဲ့ နေရောင်အောက်မှာ လမ်းပေါ်က ယာဉ်တွေဟာ တစ်ဝှီးဝှီးဖြတ်သွားကြတယ်။ လူတွေလည်း များသောအားဖြင့် အနွေးထည်ကိုယ်စီနဲ့ပဲ။ မန္တလေးရဲ့နေတောင် ဒီနှစ်ဆောင်းကို အနိုင်မယူနိုင်ဘူးထင်ရဲ့။
"မင်းက တစ်ယောက်တည်းလား..."
"မဟုတ်ဘူး... ဒါပေမယ့် တစ်ယောက်တည်းပြန်မှာ..."
"အစ်ကိုပိုင်သုရော ပါမလာဘူးလား..."
အဖြေမရဘူး။ သူ့လက်ထဲက ဂုန်နီအိတ်... ဆောရီး... အိပုံ့ပုံ့ကြောင်ညိုလေးကိုပဲ နှိုက်လို့။ ကြောင်အတိုင်း ညိုမှုန်နေတဲ့ရုပ်နဲ့။
"အဲ့လူ သူငယ်ပြန်နေလို့ လမ်းလယ်ခေါင်ပစ်ထားခဲ့တာ...
ကြောင်နဲ့ယှဉ်ပြီး သ၀န်တိုနေတယ်၊ ကလေးဆန်ချက်ပဲ"အခြေအနေတစ်ဝက်ကို သဘောပေါက်သယောင်ရှိသွားပေမယ့် လျှာရှည်ပြီး ဆက်မေးလိုက်သေးတယ်။
"အဲ့တော့ မင်းက မဆိုသလောက်ဗျင်းခဲ့ပြီး သူကငိုကျန်ခဲ့ရောလား..."
"မင်းစဉ်းစားကြည့်ကွာ...
သူသာ ဒီကလေးလို ခွေးတွေအဝိုင်းခံရပြီး ထွက်ပြေးရင်း မြောင်းထဲပြုတ်ကျရင် လာမောင်းပေးမှာလား၊ ချီပြီးသယ်ပေးမှာလား၊ သူ့ကို လာကယ်မှာမလား တဲ့..."
![](https://img.wattpad.com/cover/342430155-288-k387535.jpg)
YOU ARE READING
Heartless December❄️ ZG version
RomanceHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
Start from the beginning