အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...

Start from the beginning
                                    

အေးစက်စက်ကတ္တရာလမ်းပေါ်မှာ ကိုယ်တစ်စောင်းလှဲလျက် အတိုင်းသားငြိမ်သက်နေတဲ့ ကိုကို့ဘေးနား ဒူးထောက်ထိုင်၊ တုန်ရီနေတဲ့လက်တွေနဲ့ ကိုကို့ခန္ဓာကိုယ်ကို အသာကိုင်ပွေ့ယူလိုက်ရင်း...။

"ကိုကို... ... ကိုကို... "

"..."

ကျွန်တော့်နှလုံးခုန်သံတွေဟာ ပုံမှန်နှုန်းကို ကျော်စပြုလာခဲ့တယ်။ ကိုကို့မျက်နှာကိုသေချာကြည့်ဖို့ ခေါင်းအောက်လက်ထိုးခံရင်း ထိန်းယူလိုက်ချိန်မှာတော့ ပူနွေးစိုစွတ်နေတဲ့ခံစားချက်က လက်ဖဝါးပေါ်ကို စီးဆင်းလာလို့...။ နားထင်စပ်ကိုဖြတ်ပြီး စီးကျလာတဲ့ အနီရောင်ဆေးတွေဟာ နှင်းလိုဖြူဖျော့နေတဲ့ အသားအရည်မှာ နီရဲလဲ့လက်နေခဲ့တယ်။ လမ်းပေါ်မှာလည်း ကျွန်တော်ကိုကို့ကို ဆွဲမပွေ့မိခင်က ကိုကိုလဲနေတဲ့နေရာမှာ ထင်ကျန်ပြီးသားရှိနေတဲ့ သွေးတစ်ကွက်။

မျက်ဝန်းအိမ်တွေ ပြူးကျယ်သွားရတဲ့ အဲ့ဒီအခိုက်အတန့်က ကိုယ်ထဲရှိသမျှသွေးတွေအကုန် ခေါင်းကို ဆောင့်တက်သွားသလိုပါပဲ။

"ကိုကို!!"

"..."

"ကိုကို ကျွန်တော့်ကို မခြောက်နဲ့ဗျာ... မျက်လုံးဖွင့်ကြည့်ပါအုံး!!"

ခေါင်းနပမ်းကြီးသွားတဲ့ ကျွန်တော်ဟာ မျက်ကလဲဆန်ပြာနဲ့ လည်ချောင်းထဲကပ်နေတဲ့အသံကို ဆွဲထုတ်ရင်းပဲ လည်ပင်းကမာဖလာနီလေးကို ခပ်မြန်မြန်ဖြည်လို့ ကိုကို့ခေါင်းအောက်မှာ ဖိထားပေးရင်း သွေးတိတ်အောင်လုပ်ဖို့ ကြိုးစားနေခဲ့တယ်။

ဘယ်လက်နဲ့ ခေါင်းကိုထိန်းကိုင်ထားရင်း ညာလက်က
ပခုံးကိုကိုင်လှုပ်ရမလို မျက်နှာကိုထိနှိုးရမလို ရှေ့မတိုးနောက်မဆုတ် ဖြစ်နေချိန်မှာ ကျွန်တော့်ရဲ့ ခြောက်ကပ်နေတဲ့အသံကို ကိုကိုကြားသွားတယ်ထင်ရဲ့။ ဖြည်းဖြည်းချင်း လှုပ်ရှားပင့်တင်လာတဲ့ မျက်လွှာတွေကြားမှာ မပွင့်တပွင့်လင်းလာတဲ့ ကိုကို့မျက်ဝန်းနက်တွေ။

"ကိုကို... ... ကိုကို... 
ကျွန် ကျွန်တော်... မဟုတ်ဘူး... ကိုကိုဘာလို့..."

စကားစပျောက်ရင်း မျက်လုံးအကြည့်တွေ မတည်မငြိမ်ဖြစ်နေတဲ့ ကျွန်တော့်ပုံစံက ကိုကို့ကို သက်ပြင်းဖွဖွလေးချဖြစ်အောင် လုပ်မိသွားသလားမသိ...။ ကိုကိုဟာ အားပျော့တိုးညင်းတဲ့လေသံလေးနဲ့ ကျွန်တော့်ကို မာန်မဲပါရဲ့။

Heartless December❄️ ZG version Where stories live. Discover now