အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ

Start from the beginning
                                    

မျက်ဝန်းနက်တစ်စုံဟာ ကျွန်တော့်အမြင်အာရုံရှေ့မှာ တည်ငြိမ်စွာရှိနေခဲ့တယ်။ ဘယ်လို အရိပ်အရောင်ကိုမှ မတွေ့ရဘဲ အတိုင်းသားကြည်လင်နေတဲ့ တည်ငြိမ်မှုတွေနဲ့...။

ခေါင်းကို ခပ်ဖြည်းဖြည်းယမ်းရင်းပဲ ကျွန်တော်လက့်အစုံက ကိုကို့ပခုံးနှစ်ဖက်ကို ခပ်ဖွဖွ ထိကိုင်လိုက်ရင်း...။

"မဟုတ်သေးဘူး... မဟုတ်သေးဘူး ကိုကို...
ကိုကိုက ကျွန်တော့်ရဲ့စောင့်နိုင်စွမ်းကို မယုံကြည်သေးဘူးပဲ၊
မယုံကြည်သေးလို့ ထပ်ပြီးစမ်းသပ်နေပြန်တာမလား...
ကိုကိုသွားပါ... ကိုကို ဘယ်ကိုသွားသွားရတယ်... ”စောင့်နေ” လို့ တစ်ခွန်းပြောခဲ့ရင် ကျွန်တော်က စောင့်နေမှာ..."

ကိုကိုက ကျွန်တော့်လက်တွေကို သူ့ပခုံးပေါ်က နှင်ချလိုက်တယ်။ နောက်တော့ 'အသိစိတ်ဝင်စမ်းပါ' ဆိုတဲ့ အကြည့်တစ်ခုနဲ့ ကျွန်တော့်မျက်လုံးထဲကို စိုက်ကြည့်လိုက်ရင်း...။

"မင်းက အရူးလား... တစ်ချိန်လုံး မင်းကိုယ်မင်း ငါ့ရဲ့အိမ်မွေးခွေးလေး နေရာသွင်းထားပြီး အဲ့သလိုလိုက်ပြီးပြုမူနေတိုင်း မင်းက ငါမွေးထားတဲ့ Shiba Inu လေးတစ်ကောင် ဖြစ်သွားမှာ မဟုတ်ဘူးဆိုတာကို ဘာလို့နားမလည်တာလဲ... မင်းကငါမွေးထားတဲ့ ခွေးကလေးမဟုတ်ဘူး၊ ငါကလည်း မင်းသခင်မဟုတ်ဘူး၊ အဲ့ဒါကြောင့် ငါ့ကို အပင်ပန်းခံပြီး စောင့်နေစရာမလိုဘူး... ပြီးတော့ ငါမင်းကို စမ်းသပ်နေတာမဟုတ်ဘူး လင်းခန့်... ငါမင်းကို အဆက်ဖြတ်နေတာ... အစောကတည်းက မင်းအပေါ်မှာ ခံစားချက်မရှိခဲ့ပေမယ့်  မင်းကို ငါ့ရဲ့ relationship အရှုပ်အထွေးထဲ ဆွဲသွင်းခဲ့မိတာက ငါကိုယ်တိုင်ပဲမို့  ငါကိုယ်တိုင် တာဝန်သိသိနဲ့ မင်းကို ပြန်ဆွဲထုတ်ပေးနေတာ... ငါက မင်းကို ငါအာကာဝေယံ့ဆီက ရှောင်ပြေးနိုင်ဖို့ အကြောင်းပြချက်တစ်ခုအဖြစ်နဲ့ ဒီအတိုင်း အသုံးချနေရုံပဲဟာကို  မင်းက တစ်နေ့နေ့မှာ ငါမင်းကိုလက်ခံလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ မပါသင့်တဲ့ကိစ္စတွေထဲဝင်ပါ မဝင်သင့်တဲ့နေရာထဲ ပိုပြီးနစ်ဝင်လာနေတာကို ငါသဘောမကျဘူး၊ မင်းအဲ့လိုလုပ်နေတာတွေက မင်းအတွက်လည်း မကောင်းသလို ငါ့အတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်တယ်... ဒါကြောင့် မင်းကိုငါ ကျေးဇူးပြုပြီး ဒီလောက်ပဲ ငါ့အနားမှာနေပါတော့ လို့ တောင်းဆိုနေတာ..."

Heartless December❄️ ZG version Where stories live. Discover now