အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား

Start from the beginning
                                    

"မမယောင်းယောင်း... ကျွန်တော့်ဟာကျွန်တော် crush ကို လာမျှော်တာကို မမနဲ့ ဘာဆိုင်နေလို့ လိုက်လာပြန်တာတုန်းဗျာ..."

"မင်းအဲ့လောက်တောင်မှဖြစ်ပျက်နေတဲ့ မင်း crush ကို မြင်ဖူးတယ်ရှိအောင် ကြည့်ကြည့်ချင်လို့လေ..."

ဟုတ်ပါတယ်။ စပို့ရှပ်အဝါ၊ ဂျင်းဘောင်းဘီ၊ အညိုရောင်ဂျက်ကတ်နဲ့ ပီကေတစ်လှုပ်လှုပ်ဝါးနေတဲ့ အဲ့ခြေတံရှည် blonde ရေဘဝဲပါပဲ။
ပြင်ဦးလွင်ကပြန်တော့လိုက်လာပြီး နှစ်ယောက်သား အိမ်မှာ သောင်တင်နေကြတယ်လေ။ မနက်ဖြန်မှ ရန်ကုန်ပြန်ကြမှာ။

"ဒါဆိုလည်း ဘာလို့ မမမိုနိုကိုပါ ခေါ်လာတာလဲ..."

"ဘာလဲ... မင်းက ငါ့ရဲ့မိုနိုကို ငြိုငြင်တာလား..."

"မငြိုငြင်ရဲပါဘူးဗျာ... ဟိုအရင်ရက်က ကျွန်တော့်ကို ကိတ်မုန့်ဖုတ်နည်း ကောင်းကောင်းသင်ပေးထားလို့ မုန့်လိုက်ကျွေးရအုံးမယ် ဆိုတာလည်း မှတ်ထားပါတယ်၊ ဒီအတိုင်း ဘာများအလိုရှိလို့ တကူးတကလိုက်လာတာလဲ သိချင်လို့..."

လက်တံတွေကြွလာတာမြင်တာနဲ့ စကားလုံးတွေကို ပျားရည်ခွက်ထဲ ကမန်းကတမ်း ကောက်စိမ်ချလိုက်ရတယ်။ စကားကောင်းကောင်းပြောရတာ မပင်ပန်းဘူးမလား။ လူပုံလယ်တော့ လည်ပင်းအညစ်မခံချင်သေးဘူးလေ။

"မိုနိုကလည်း အပြင်မှာမမြင်ဖူးလို့ ကြည့်ချင်လို့တဲ့လေ...
လက်မှတ်လေးဘာလေးရနိုင်ရင် ပိုကောင်းတာပေါ့"

"ကိုကိုက ရုပ်ရှင်မင်းသားမဟုတ်ဘူးဗျ"

"ဒါပေမယ့် မင်းသားတွေထက် ချောတယ်မလား..."

"တစ်ဆိတ်ကလေး... အလွတ်ပေးလို့မရဘူးလားဗျာ... 
ကျွန်တော့်ဖုန်းထဲက ကိုကို့ပုံတွေကိုလည်း လုကြည့်ပြီးသွားပြီကို..."

"လူအကောင်လိုက်မြင်ရတော့ ပိုပြီး 3D ဆန်တာပေါ့...
အာ... ဟိုမှာ လာနေပြီ၊ အဲ့တစ်ယောက်မလား ခဲပြာရောင် ဆွယ်တာအပါးလေးနဲ့..."

ပြောပြောဆိုဆို ကျွန်တော့်ကိုဆွဲလှည့်ပြီး ကျောင်းပေါက်ဝက ထွက်လာတဲ့ Scoopy အနက်လေးပေါ်က တစ်စုံတစ်ယောက်ဆီ လက်ညိုးထိုးပြလာတယ်။

Heartless December❄️ ZG version Where stories live. Discover now