Heartless December Character Facts 50

Start from the beginning
                                    

၃) အာကာဝေယံတို့အိမ်ကလူကြီးတွေ (အဘိုးနဲ့ဦးလေးတွေ) က ဝေယံအထက်တန်းမှာကတည်းက သူဟာ bisexual တစ်ယောက်ဖြစ်တာကို သိပါတယ်။ သူဘယ်သူနဲ့တွဲပြီး ဘာလုပ်နေနေ ၀င်မပြော ပါဝါမပြပေမယ့် လက်ထပ်မယ့်သူကို ရွေးတဲ့နေရာမှာတော့ ကန့်သတ်ချက်တစ်ခုနဲ့ ကိုင်တွယ်ထားပါတယ်။ ဒါပေမယ့်‌ ဝေယံကတော့ သူ့အိမ်ကလူဆို ဘယ်သူနေနေ အဖက်မလုပ်ပါဘူး။ L ခွန်းကို မိတ်ဆက်ပေးဖို့ဆိုပြီး ခေါ်လာတဲ့နေ့ကတော့ သူ့အိမ်ကလူကြီးတွေ အတော်အံ့ဩသွားခဲ့ကြပါတယ်။ ဝေယံက သူတွဲခဲ့ဖူးသမျှ ယောက်ျားမိန်းမတိုင်းကို အပျော် ဒါမှမဟုတ် အကျိုးအမြတ်ရဖို့ပဲ တွဲခဲ့တာမို့ပါ။

The snowdrop flower of HD ❄️

၎) L ခွန်းက သူနဲ့ဆုံဖူးသမျှ လူအတော်များများရဲ့ပုံစံကိုကြည့်ပြီး "ဒီလူ ထူးဆန်းတယ်" လို့ အနည်းဆုံးတစ်ခေါက်တော့ ကောက်ချက်ချတတ်ပါတယ်။ ဘာမှမပြောဘဲ နှစ်စက္ကန့်လောက် မသိမသာမျက်ခုံးကျုံ့ပြီးကြည့်နေရင် သူအဲ့လိုတွေးနေလို့ပါ။ အခုလက်ရှိထိ ထူးဆန်းတယ်လို့ ကောက်ချက်ချခံရတာ အများဆုံးသူက လင်းခန့်ပါ။ အနည်းဆုံးက အာကာဝေယံပါ။

၅) L ခွန်းက လွယ်လွယ်လက်လျှော့တတ်တဲ့သူတွေ၊  ပျော့ညံ့တဲ့သူတွေနဲ့ ပေါ့တိပေါ့ပျက် မလေးနက်တတ်တဲ့သူ‌တွေကို သဘောမကျပါဘူး။ ချွဲချွဲနွဲ့နွဲ့နေတတ်တဲ့ စရိုက်ရှိသူတွေကိုတော့ အလာ့ဂျစ်ရှိပါတယ်။

၆) L ခွန်းက အာကာဝေယံ့ရှေ့မှာ ရည်းစား ၄ ယောက် ထားခဲ့ဖူးပေမယ့် အားလုံးတစ်နှစ်မပြည့်ခင်မှာ အဓိပ္ပာယ်မရှိတဲ့အကြောင်းပြချက်တွေနဲ့ သူ့ကိုဖြတ်သွားတာ ခံခဲ့ရပါတယ်။ သူကအဲ့ဒါကို 'တစ်နှစ်ကျိန်စာ' လို့ သူဟာသူသတ်မှတ်ထားပါတယ်။ သူ့ကိုလာကြိုက်သမျှ ရေမရတဲ့လူသား‌တွေထဲ သူကပြန်ကြိုက်လိုက်မိတဲ့သူတိုင်း အဲ့လိုတစ်နှစ်မခံကြလို့ပါ။ အာကာဝေယံနဲ့ ၄နှစ်ကျော်တဲ့အထိ တွဲနိုင်ခဲ့တဲ့အတွက် အဲ့ကျိန်စာကလွတ်ပြီလို့ စိတ်ချနေတုန်းမှာပဲ သူတို့ပြဿနာအမျိုးမျိုးတက်ပြီး ပြတ်သွားကြပါတယ်။

၇) L ခွန်းဟာ သူ့အမေဆုံးသွားပြီးနောက်ပိုင်းမှာ su***de လုပ်ဖို့ ၅ ခါတိတိကြံစည်ခဲ့ဖူးပြီး နောက်ဆုံးတစ်ခါမှာ ဆေးရုံရောက်ခဲ့ပါတယ်။ အဲ့ဒီနောက်တော့ ထပ်မလုပ်တော့ပါဘူး။

Heartless December❄️ ZG version Where stories live. Discover now