အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ

Comenzar desde el principio
                                    

"ပျင်းစရာကြီးကွာ... ငါက အံထူးမြတ်ရော နုယဉ်ရော မင်းရော လာမှာဆိုရင် မြို့နယ်အားကစားရုံသွားပြီး 2 vs 2 ဘော်လီဘော ကစားဖို့ကြံနေတာ၊ ငါတို့အကုန်လုံးဆုံတဲ့အချိန်က ခပ်ရှားရှားမို့လို့..."

အပြာနုရောင်ဘောလီဘောတစ်လုံးကို လက်ထဲလှည့်လို့ ဧည့်ခန်းထဲထိုင်နေတဲ့ကျွန်တော့်နားလာရပ်ပြီး စကားပြောနေတဲ့ တစ်ယောက်ဟာ စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့လေသံနဲ့
သက်ပြင်းရှည်ကြီးချလိုက်တယ်။

"နောက်လည်း ကြုံအုံးမှာပါဗျာ..."

"အင်းပါ... ငါ အပေါ်ထပ်ခန်းကို သွားရှင်းလိုက်အုံးမယ်"

"ဟမ်... ရောက်နေတာပဲ သုံးရက်ရှိပြီဆို...
အဲ့အခန်းက ခုထိရှင်းလို့မပြီးသေးဘူးလား၊ ဘယ်လိုအိပ်လဲ..."

"ကုတင်ရှင်းတယ်လေ... ကျန်တာကတော့ အေးဆေးပေါ့၊
နည်းနည်းစီရှင်းလိုက် ဝင်အိပ်လိုက်..."

"ကောင်းပါပေ့ဗျာ..."

သွေးဆိုတာရေထက်ပျစ်တယ်တဲ့။ သန့်ရှင်းရေးလုပ်ဖို့ ပျင်းကြောထူတဲ့နေရာမှာ သူလည်း ကြွက်သိုက်အစ်ကိုနဲ့ နင်လားငါလားပါပဲ။ ကျွန်တော်ရဲ့ DNA လေးက ဒီအမျိုးရဲ့မကောင်းမွေတွေကို filter နဲ့ စစ်ထုတ်ထားသလိုမျိုး ကွဲကွဲပြားပြားလေးဖြစ်နေတဲ့အတွက် ဘယ်လိုကျေးဇူးတင်မိမှန်းမသိဘူး။

ကြီးကြီးတို့အိမ်က ပြင်ဦးလွင်အိမ်တွေရဲ့ ကွဲပြားတဲ့အရသာမျိုး အပြည့်အဝရှိတယ် ပြောရမလား။ အတွင်းပိုင်းမှာ အရောင်စိုတဲ့ သစ်တွေ၊ အနှစ်သားပေါ်အောင်တိုက်ထားတဲ့ ကျွန်းသားတွေသုံးပြီး အလှဆင်ထားတယ်။ မီးမထွန်းထားဘဲ ရှင်းလင်းနေတဲ့ မီးလင်းဖိုကတော့ အားပြင်းလာမယ့်ဆောင်းအတွက် သစ်သားစတွေ လက်ခံဖို့ ကြိုပြင်ဆင်နေသယောင်။

ငယ်ငယ်ကတော့ မောင်နှမတွေစုံရင် တစ်အိမ်လုံးပတ်ပြီး ကစားကြတာမို့ ဘယ်နေရာမှာဘာရှိတယ်ဆိုတာ အကုန်အလွတ်ရနေခဲ့တာ။

ညနေခင်းမှာ တူပုန်းတမ်းမကစားရဘူး။ နတ်ဖွက်တတ်တယ်ဆိုတဲ့ အမေတို့ရဲ့ ခြောက်စကားကို နားကြားထဲကကော်ထုတ်ပြီး ဗြောင်းဆန်အောင် ဆော့ခဲ့ကြတာပေါ့။ အဲ့တုန်းက အငယ်မ မမွေးသေးတော့ ယောက်ျားလေးနှစ်ယောက်၊ မိန်းကလေးနှစ်ယောက် လေးယောက်သား ဘယ်သူ့ဘယ်သူမှ အကြောမခံဘဲ ရှာရအခက်ဆုံးနေရာတွေမှာရအောင် ပုန်းကြတာ။

Heartless December❄️ ZG version Donde viven las historias. Descúbrelo ahora