အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ

Start from the beginning
                                    

မနေ့တနေ့ကတော့ အဲ့ဒီဟာတွေထက်ပိုဆိုးတာ ဖြစ်လာတယ်ဗျာ။ မန္တလေးတောင်ခြေဘက်မှာ လေ့ကျင့်ရေးသွားဆင်းကြတုန်း
စက်ဘီးလဲတာမှ စက်ဘီးတခြားလူတစ်ခြား ကျွမ်းထိုးမှောက်ခုံကိုလဲလာတာ...။

တောင်ပေါ်ကနေ အရှိန်နဲ့ပြန်ဆင်းလာတုန်းမှာ ချိန်းကြိုးကထပြတ်တော့ ဘာပြောကောင်းမလဲ စက်ဘီးကနေ လေးမီတာလောက် လိမ့်ထွက်သွားတာ။ ပြိုင်ဘီးစီးနေသရွေ့ ဒါမျိုးက ခဏခဏဖြစ်တတ်တာမို့ ကိုယ်သက်သာမယ့်လမ်းဘေးနေရာကို စောင်းပြီးလှိမ့်တတ်နေလို့သာ။ ကံဆိုးတယ်ပြောရမလား။ ကံကောင်းတယ်ပြောရမလား။ ရှေးစကားရှိတယ်လေ... 'သူတော်ကောင်းနတ်ကောင်းမ'၊ 'အသက်ကိုဉာဏ်စောင့်' တဲ့။ သဘောဖြူလူချောလေးမို့ မနေနိုင်မထိုင်နိုင်စောင့်ရှောက်တဲ့ တောင်စောင့်နတ်များနဲ့ ပြိုင်ပွဲဝင်အဆင့်စကေးလေး ကယ်သွားလို့တော်သေးရဲ့။

သို့သော်ငြားလည်း... ဒီတစ်ခါမှာတော့ ပွန်းရုံပဲ့ရုံမကဘဲ လက်ဖျံရိုးပါအက်သွားလို့ ကျွန်တော်မောင်လင်းခန့်တစ်ယောက် ကျောက်ပတ်တီးအဖွေးသားနဲ့ လက်အသိုင်းဖက်ရှင်လေးနဲ့ဖြစ်နေပါပြီ။

သောက်ကျိုးနည်းဗျာ...။ ဆရာတွတ်ရဲ့ ”ဒီနေ့ ကံမကောင်းပါလား...” ကိုပဲ ခရက်ဒစ်ပေးပြီး ယူသုံးရတော့မလား၊ ဟိုဇာတ်ထုပ်ထဲကလိုပဲ ”အို... အသင်လောက...” ဆိုပြီး လက်နှစ်ဖက်ဆန့်အော်ရတော့မလား မသိ။ အဲ... အခုအခြေအနေဆိုရင်တော့ လက်တစ်ဖက်ပဲ ဆန့်လို့ရလိမ့်မယ်။

မစ္စတာအသင်လောကရယ်... ကျွန်တော် စောင်းလည်း မတီးတတ်ပါဘူး။ ကျွန်းစောင့်မလေးဖော်နဲ့လည်း လဗ္ဗီဒဗ္ဗီမလုပ္ခ်င္ပါဘူးဗ်ာ။
ဘယ်လိုအကြောင်းပြချက်နဲ့ ကျွန်တော့်ကို ကံဆိုးသူမောင်ရှင်ဖြစ်အောင် ဒရာမာချိုးပေးနေရတာတုန်းလို့...။

အိမ်ကမွေးသမိခင်မှာတော့ ကျွန်တော် ကံကျနေလို့ဖြစ်မယ်ဆိုပြီး၊  ဟိုယတြာ ဒီယတြာပတ်ချေရင်း ရှိသမျှဗေဒင်၊ အကြားအမြင် ဆရာသမားတွေကို လုပ်ကျွေးနေလေရဲ့။ ဦးနှောက်ကြီးတဲ့ ဖခမည်းတော်ကတော့ ထုံးစံအတိုင်း ”ငါမပြောဘူးလား... သတိဆိုတာ ပိုတယ်မရှိဘူး” ဘာညာစလို့ အီနားရှားဂုဏ်သတ္တိက ဘာဖြစ်တယ်၊ အရွေ့စွမ်းအင်က ဘယ်လိုဘယ်ညာနဲ့ ကျွန်တော် ဆိုင်ကယ်လဲ၊  စက်ဘီးလဲတာကို အခွင့်ကောင်းယူပြီး သူသိတဲ့သိပ္ပံအယူအဆတွေ ဘလာဘလာမှုတ်ရင်း သူသိသူတတ်ကြောင်း ဆရာကြီးလုပ်တာပေါ့ဗျာ။

Heartless December❄️ ZG version Where stories live. Discover now