အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး

Start from the beginning
                                    

အင်း...။ အကြောင်းအရင်းကိုသိအုံးမှ ဖြစ်နိုင်မှာပေါ့လေ။

ဒါပေမယ့် သူမပြောချင်ရင် ဘယ်လောက်မေးမေး ဝဇီပိတ်ကျင့်တတ်တဲ့ အဲ့ဒီအကြောတင်းကြီးက ပြောပြမှာမဟုတ်ဘူး။ အဲ့ဒီတော့ ကျွန်တော့်သိချင်စိတ်တွေကို အချိန်တစ်ခုထိ အံဆွဲထဲထည့်ပိတ်ထားလိုက်တာက အကောင်းဆုံးပါပဲ။ 

* *

ဘာမှန်းမသိရတဲ့ကိစ္စဖြစ်ပြီး နောက်ရက်မှာတော့ ကိုကိုကပုံမှန်အတိုင်း စာကောင်းကောင်းကြည့်ပေးခဲ့တယ်။ အဲ့ဒီနေ့ကအကြောင်း ကျွန်တော်အစမဖော်ခဲ့ပေမယ့် သူ့ဘက်ကပဲစပြီး 'မဆိုင်ဘဲနဲ့ အော်မိသွားတယ်၊ ဆောရီး...' ဆိုပြီးတော့ ပြောလာခဲ့ရဲ့။ ကျွန်တော့်ကို မိုင်လိုတစ်ဘူးပေးရင်းနဲ့ပေါ့။ ကျွန်တော်ကတော့ စိတ်ကောက်ချင်ယောင်ဆောင် နှုတ်ခမ်းတစ်တောင်လောက်စူပြီး 'အမြဲတမ်း ဒီမိုင်လိုတစ်ဘူးနဲ့ ဘာလုပ်ရမှာလဲ၊
ကိုကိုဆန်းဒွစ်ခ်ျလုပ်တတ်တာသိတယ်' လို့ စကားခေါ်လိုက်သေးတာ။

အဲ့နေ့က ကျွန်တော် ဆန်းဒွစ်ခ်ျစားလိုက်ရသလား...
နဖူးပဲစုတ်သွားသလား... ဆိုတာကို မဲခွဲခိုင်းရင် တစ်ပြားမှ
ပထမအခြေအနေထဲ ရှိနေမှာမဟုတ်လောက်ဘူးနော်။

ဒါပေမယ့် လူကြီးမင်းတို့မှားတယ်။  ကျွန်တော် ဆန်းဒွစ်ခ်ျကောင်းကောင်း စားခဲ့ရတယ်ဗျ။ ကြက်သားနဲ့...။

ပြီးတော့ အဲ့ဒီနေ့မှာပဲ ကျွန်တော်ထီပြေးထိုးလိုက်တယ်။

* *

"ကိုကို... ဒီ organic equation လေး တစ်ချက်ညှိပြပါလား... ကျွန်တော်ညှိတာ လွဲနေတယ်ထင်တယ်"

"..."

"ကိုကို..."

"ဟင်..."

"နေမကောင်းဘူးလား.. ခုဏကတည်းက နားထင်ကိုဖိဖိနေတာ"

"ဘာမှမဖြစ်ဘူး၊ ခေါင်းကိုက်နေလို့ ..."

ခုရက်ပိုင်း ကျွန်တော့်ရဲ့ဆရာသခင်လေးကိုကြည့်ရတာ သိသိသာသာကြီး ပင်ပန်းနေတဲ့ပုံပေါ်နေတယ်။ စာသင်နေရင်းနဲ့ မျက်မှန်ကိုချွတ်ပြီး မျက်ရိုးကိုနှိပ်နေတာနဲ့၊ စာလုပ်နေတဲ့အချိန်ဆို အာရုံပြန့်လေ့ပြန့်ထမရှိတဲ့သူက စာမေးဖို့ရာကို နှစ်ခါခေါ်မှ ကြားရတာနဲ့။

Heartless December❄️ ZG version Where stories live. Discover now