အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ

Start bij het begin
                                    

အဲ့သလောက် နာကျင်ခဲ့ရတာပဲလား ကိုကို...။

အရောင်ဖျော့ပြီး ဖူးရောင်နေတဲ့နှုတ်ခမ်းလေးနဲ့ လည်တိုင်က ရဲတွတ်နေတဲ့ကိုက်ရာအကွင်းလိုက်ကိုကြည့်ရင်း အာကာဝေယံဆိုတဲ့ toxic ဆန်တဲ့သူ့ချစ်သူ၊ စိတ်ပိုင်းဆိုင်ရာရော ကိုယ်ပိုင်းဆိုင်ရာ‌ပါ နှိပ်စက်ကလူပြုတတ်တဲ့ ချီးထုပ်မသာကြီးကို မေတ္တာတွေ အတုံးလိုက်အတစ်လိုက် ပို့နေမိတုန်း...။

"ငခန့်... ငါဆန်ပြုတ်ပြုတ်လိုက်ရမလား..."

မီးဖိုချောင်ထဲဝင်သွားတဲ့ အစ်ကိုတော်ရဲ့ လှမ်းအော်သံကြောင့် ဖင်ပူအောင်မထိုင်ရဘဲ ပြေးတားရပါတယ်။

"တော် တော် တော်... အစ်ကို့လက်ရာကြီး ကျွန်တော်သိတယ်၊ ဖယ်... ကျွန်တော်ပဲပြုတ်လိုက်မယ်"

"ငါ့လက်ရာက ဘာဖြစ်လို့လဲ..."

ဘာဖြစ်ရမှာလဲ။ သူပြုတ်တဲ့ဆန်ပြုတ်ထက် ရေထဲထမင်းထည့်ဖျော်ထားတဲ့ အရသာကမှ သာသေးတဲ့ဟာ...။

"သွားစမ်းပါဗျာ... အခန်းရှင်း ရေချိုးပြီးမှ ပြန်လာခဲ့...
နံစော်နေပြီ..."

"နှင်လှချည်လားဟ... ဒါငါ့သူငယ်ချင်းအခန်းနော်...
မင်းသူငယ်ချင်းအခန်းမဟုတ်ဘူး"

"ဟုတ်ပါပြီ... ကြွတော်မူပါ..."

* *

ကျွန်တော်တို့တစ်မျိုးလုံးက ယောက်ျားလေးတွေက ဟင်းချက်ညံ့ကြတယ်။ အကောင်းဆုံးဥပမာက...
ကြက်ဥတောင် ချောကလက်ရောင်သမ်းအောင်ကြော်တဲ့ အဲ့တစ်ဝမ်းကွဲအစ်ကိုတော်ပေါ့။ ကျွန်တော်တစ်ယောက်ကသာ ကံကောင်းထောက်မလို့ အမေ့ဘက်သွားတူပြီး ကောင်းကောင်းကန်းကန်း ချက်တတ်ပြုတ်တတ်တာ။

အအေးဓာတ်ကို အောက်ဆုံးထိလျှော့ထားတဲ့
ကိုကို့ရေခဲသေတ္တာက ဒိန်ချဉ်ဘူး၊ ပဲနို့ဘူးတွေ..
ကြက်ဥနဲ့ အသီးအနှံတွေ၊ ဘူးလေးတွေနဲ့ထည့်ထားတဲ့
အထားခံဟင်းတွေ၊ စီရီနေတဲ့ ရေသန့်ဘူးတွေနဲ့ သပ်ရပ်ပြည့်စုံနေလိုက်တာ။ တစ်ယောက်တည်းဆိုပြီး ဖြစ်သလိုမနေဘူးပဲ။ ကျန်းမာရေးအသိလည်း ရှိပုံရတယ်။

ရေခဲသေတ္တာ ဘယ်တော့ဖွင့်ကြည့်ကြည့် ရေတစ်ဘူး၊ ကြက်ဥနှစ်လုံးပဲရှိတဲ့ ဟိုဘက်ခန်းက ကြွက်မင်းသားအစ်ကိုနဲ့တော့ တစ်ခြားစီရယ်ပါ။ သူက သူလုပ်တတ်တဲ့ တစ်ခုတည်းသောအစားအစာ အသင့်စားခေါက်ဆွဲတွေကိုပဲ ထမင်းနဲ့ဖျော်စားတာ။

Heartless December❄️ ZG version Waar verhalen tot leven komen. Ontdek het nu