"မဟုတ်ဘူး ကျန့်!...ကိုယ့်ကိုမထားခဲ့ပါနဲ့...မထားခဲ့...ပါနဲ့ကွာ..."
မျက်ဝန်းတွေကပိတ်နေပေမယ့်မျက်ရည်များကစီးကျနေဆဲ။ရင်ထဲကလှိုက်လှိုက်လဲလဲနာကျင်နေသည့်တောင်းပန်သံကအရှင်မည်မျှနာကျင်ခံစားနေရကြောင်းဖော်ပြနေသည်။
မထင်မှတ်ပါပဲရှောင်းကျန့်မျက်ဝန်းထဲတွင်လဲမျက်ရည်များကပြည့်လျှံလာသည်။ချွေးစေးများကျကာတုန်ယင်နေသည့်အရှင့်ပုံစံကြောင့်ရှောင်းကျန့်မကြည့်ရက်နိုင်တော့သဖြင့်တွန့်ချိုးနေသည့်မျက်ခုံးလေးပေါ်ကနဖူးပြင်အားသူ့လက်ဖဝါးလေးဖြင့်အသာဖိကပ်ထားမိသည်။
အရှင်အတွက်သက်သာလိုသက်သာငြားပေါ့။ထူးဆန်းစွာပင်အရှင့်ရဲမျက်နှာထက်တွင်နာကျင်ရိပ်များတစ်ဖြည်းဖြည်းကွယ်ပျောက်လာသည်။
အပြုံးရိပ်ခပ်ပါးပါးအားတွေ့လိုက်ရသဖြင့်ရှောင်းကျန့်ကျေနပ်သွားမိသည်။ထို့ကြောင့်နဖူးပေါ်ကလက်အားပြန်မရုတ်ပဲထိုအတိုင်းပဲဆက်တင်ထားလိုက်သည်။
လူဆိုသည့်အမျိုးအနွယ်ကအတော်တော့ခက်သားလား။မဖြစ်နိုင်မှန်းသိသိရက်နဲ့တောင်လက်မလွတ်နိုင်သေးဘူး။နာကျင်နေရတာရိပေါ်မြတ်နိုးနေမိတုန်း။
ဒါဟာလက်တွေ့မဟုတ်မှန်းသူသိသည်။အိမ်မက်လေးဆိုရင်တောင်ရိပေါ်ဘယ်တော့မှနိုးထမလာချင်သောအိမ်မက်လေးဖြစ်သည်။ဒီအိမ်မက်လေးထဲမှာသူရှင်သန်ချင်သည်။
ဘာလို့ဆိုသူချစ်မြတ်နိုးရတဲ့နတ်ဘုရားလေးကိုအိမ်မက်ထဲမှာပဲသူတွေ့နိုင်သည်။အပြုံးလေး၊ရယ်သံလေး၊မျက်စောင်းလေး...ပြောရရင်သူမြတ်နိုးရာအစုစုကိုအိမ်မက်လေးထဲမှာပဲသူပိုင်ဆိုင်ရတာ။
အခုသူ့ရှေ့မှာနတ်ဘုရားလေးရှိသည်။သူသိပ်သဘောကျရတဲ့အပြုံးလေးကိုပြုံးကာသူ့အားကြည့်နေသည်။ရိပေါ်လဲထပ်တူထပ်မျှပြုံးမိသည်။
ထိုစဉ် သူ့ရှေ့ကကျန့်ကရုတ်ချည်းပျောက်ကွယ်သွားသည်။ရိပေါ်ချက်ချင်းပင်ထကာလိုက်ရှာသည်။
"ကျန့်!...ကျန့်!...ဘယ်ကိုရောက်သွားတာလဲ..ကိုယ့်အနားပြန်လာခဲ့ပါ...ထွက်မသွားပါနဲ့... "
YOU ARE READING
Historical Fiction💙ကိုယ်ကနေမင်းကြီးဆိုရင်... မင်းကကိုယ့်ဘေးနားမှာတစ်သက်လုံးအဖော်ပြုနေပေးရမယ့်ကိုယ့်ရဲ့တစ်စင်းတည်းသောလမင်းလေးလုပ်ပေးပါနော်...💙 💙ကိုယ်ကနေမင်းကြီးဆိုရင်... မင်းကကိုယ့်ဘေးနားမှာတစ်သက်လုံးအဖော်ပြုနေပေးရမယ့်ကိုယ့်ရဲ့တစ်စင်းတည်းသောလမင်းလေးလုပ်ပေ...