"ခဏလေးနေပါဦး..."
ခပ်သုတ်သုတ်ပြေးလာသောခြေသံနဲ့အတူအသံသေးသေးလေးကိုပါတစ်ဆက်တည်းကြားလိုက်ရတာမို့ရှောင်းဟုန်ခြေလှမ်းတွေရပ်ကာလှည့်ကြည့်မိသည်။
ပန်းနုရောင်ပိုးသားပျော့ပျော့ဝတ်ရုံအားသေသပ်လှပစွာဝတ်ဆင်ထားပြီးချစ်စဖွယ်ကောင်းလှသောမိန်းကလေးတစ်ယောက်ကသူ့ဆီအပြေးအလွှားလာနေတာကိုတွေ့လိုက်ရသည်။
"အမလေးမောလိုက်တာ!!!..."
သူ့ရှေ့ရောက်တာနဲ့ခါးလေးကိုင်းကာအမောဖြေနေတဲ့ထိုကလေးမလေးကိုရှောင်းဟုန်ငေးကြည့်နေမိသည်။မောနေတဲ့ပုံလေးကပင်ချစ်စရာကောင်းလွန်းလှသည်။ဆင်ယင်ထုံးဖွဲ့ထားသည့်တော်ဝင်ဆံထိုးကိုမမြင်ခင်အထိထိုကလေးမအားရှောင်းဟုန်ငေးကြည့်နေမိသေးသည်။
တော်ဝင်ဆံထိုးအားမြင်တော့မှရှောင်းဟုန်အလျှင်အမြန်ပင်အရိုအသေပြုလိုက်ရတော့သည်။
"မင်းသမီးလေး ကိုကျွန်တော်မျိုးအရိုအသေပြုပါတယ်..."
"ရပါတယ် ဟိုလေ!...ဒါလေးပေးချင်လို့ယူပါနော်..."
လက်ထဲအတင်းထိုးပေးလာသည့်လက်ပက်လေးအားရှောင်းဟုန်ကြောင်ကြည့်နေတုန်းမင်းသမီးလေးကတော့သူ့ရှေ့ကထွက်ပြေးသွားလေပြီ။
သူမအလျှင်အမြန်ပင်သူ့ရှေ့ကပြေးထွက်လာခဲ့ပြီးနန်းတော်ထောင့်ချိုးတစ်နေရာတွင်ရပ်ကာခုထိထိုနေရာကနေမရွေ့သေးတဲ့ကျောပြင်အားငေးကြည့်နေမိသည်။သူ့ကိုတစ်အံတစ်ဩငေးကြည့်မိနေတဲ့သူ့ကြင်ယာတော်လောင်းကြီးကချစ်ဖို့ကောင်းလွန်းလှသည်။
မင်းသမီးမှန်းသိသွားလို့အရိုအသေပေးလိုက်တဲ့တစ်ခဏထွက်လာတဲ့အသံလေးကသူမအသည်းနှလုံးအားအေးမြစေသည်။သူမတော့ဒီလူသားကိုအပိုင်ရမှဖြစ်တော့မည်။
"အမယ်လေး! မင်းသမီးလေး ရယ်...ဘာလို့ကျွန်တော်မျိုးမတို့ကိုထားပြီးပြေးရတာလဲ...."
နောက်ပါးဆီမှအထိန်းတော်ကြီးအသံထွက်လာတာမို့သူမအပျော်လေးတွေရပ်သွားသည်။အထိန်းတော်ကြီးတွေကိုမလိမ့်တပက်လုပ်ကာသူ့ကြင်ယာတော်လောင်းလေးနောက်ကိုမနည်းပြေးလိုက်ခဲ့ရတာဖြစ်သည်။
YOU ARE READING
Historical Fiction💙ကိုယ်ကနေမင်းကြီးဆိုရင်... မင်းကကိုယ့်ဘေးနားမှာတစ်သက်လုံးအဖော်ပြုနေပေးရမယ့်ကိုယ့်ရဲ့တစ်စင်းတည်းသောလမင်းလေးလုပ်ပေးပါနော်...💙 💙ကိုယ်ကနေမင်းကြီးဆိုရင်... မင်းကကိုယ့်ဘေးနားမှာတစ်သက်လုံးအဖော်ပြုနေပေးရမယ့်ကိုယ့်ရဲ့တစ်စင်းတည်းသောလမင်းလေးလုပ်ပေ...