အပိုင်း(18)

290 24 3
                                    

"ကိုယ်ပါ....မင်းရဲ့အိမ်ရှေ့စံပါ"

သင်းပျံ့ပျံ့ကိုယ်သင်းရနံ့နဲ့အတူဩရှရှအသံကိုပါကြားလိုက်ရတာမို့ရှောင်းကျန့်နှုတ်ခမ်းပါးလေးတွေအလိုလိုပြုံးလာတော့သည်။

မျက်လုံးပေါ်ကလက်အားဖယ်ပေးတာနဲ့တစ်ပြိုင်နက်ပထမဆုံးသူလုပ်မိတာသူ့နောက်ကလူအားလှည့်ကြည့်မိခြင်းပါပဲ။

မတွေ့ရတာကြာနေပြီမို့လို့လားမသိမင်းသားလေးရဲ့မျက်နှာချောချောကိုရှောင်းကျန့်ငေးမောနေမိသည်။

ပြုံးနေတဲ့နှုတ်ခမ်းပါးကအတော်ကိုဆွဲဆောင်မူ့ရှိသည်ဟုသူထင်မိသည်။မရည်ရွယ်မိခင်မှာပင်ရှောင်းကျန့်၏လက်တို့သည်မင်းသားလေးရဲ့နှုတ်ဖျားလေးကိုလက်နဲ့ထိကိုင်လိုက်မိသည်။

"အာ!...တောင်းပန်ပါတယ် မင်းသား "

"တောင်းပန်စရာမလိုပါဘူး...ကိုယ်ကမင်းအပိုင်ပါ.."

ရုတ်သိမ်းသွားသောသူ့လက်တို့အားပြန်ဆွဲယူကာပြောလာတဲ့စကားကြောင်းရှောင်းကျန့်ရှက်သွေးတို့စိုလာတော့သည်။

ချစ်စဖွယ်ကောင်းအောင်ပဲရှက်တက်ပါသောနတ်ဘုရားလေးကြောင့်ရိပေါ်ရင်ခုန်နှုန်းတွေမူမမှန်တော့။

သိပ်ချစ်ဖို့မကောင်းပြစမ်းပါနဲ့နတ်ဘုရားလေးရယ်...၊မဟုတ်ရင်ဒီညပဲမင်းကိုသိမ်းပိုက်မိလိမ့်မယ်။

"မင်းသားလေး ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲဟင်၊တားမြစ်ထားတယ်မဟုတ်လား..."

"ဟုတ်ပါ့!တားမြစ်ထားတယ်၊ဖောက်ဖျက်ရင်အပြစ်ပေးခံရမှာ"

"ဟင်!...အာ့ဆိုဘယ်လိုလုပ်မလဲပြန်တော့နော်....ကျွန်တော် တို့မတွေ့ဘူးလို့ပဲမှတ်လိုက်!..."

"အဟား...ချစ်ဖို့ကောင်းချက်ကွာ"

အပြစ်ပေးခံရမယ်လို့သူစနောက်ပြီးပြောလိုက်တာကိုအဟုတ်မှတ်သွားလေတဲ့နတ်ဘုရားလေးကချက်ချင်းပင်ကျောခိုင်းလို့ပြန်ခိုင်းနေတော့သည်။

ထိုပုံစံလေးကချစ်စရာကောင်းလွန်းတာမို့ရိပေါ်မနေနိုင်စွာပါးဖောင်းလေးအားဖွဖွလေးညှစ်လို့ရယ်မိရသည်။

ချစ်ခြင်းနေမင်းရဲ့အလွမ်းလမင်းငယ်(ချစ်ခြင်းနေမင်းရဲ့အလွမ်းလမင်းငယ်)Where stories live. Discover now