မြေပြင်ပေါ်သို့ပုံလျက်သားထိုင်မိသည်အထိရှောင်းကျန့်အံ့ဩမိလေသည်။နိုင်ငံတော်၏ရှင်ဘုရင်အလောင်းအလျာအား'သူခိုး'ဟုစွပ်စွဲရဲတာသူသာရှိမယ်ထင်သည်။
"မင်းသားလေးရယ် မင်းသားလေးမှန်းမသိလို့ရိုင်းပြမိတာဒီအမိုက်အမဲလေးကိုခွင့်လွတ်ပေးပါနော်..."
ဝိုင်းစက်ကာထိန်ထိန်သာနေသောလမင်းကြီးအားကြည့်ကာရှောင်းကျန့်ခပ်တိုးတိုးလေးရေရွတ်မိရင်းမင်းသားလေးမျက်နှာအားပြန်မြင်ယောင်နေမိသည်။
ထိုအချိန်တွင်ပေါ့ပါးလှသောအရိပ်တစ်ခုသည်လေအလျင်နဲ့အတူရှောင်းအိမ်တော်အစပ်နားကအဆောင်တစ်ခုဆီလျှင်မြန်စွာတက်သွားလေသည်။
"မင်းအတော်ကိုလှလာပါလားကလေးရယ်..."
လမင်းအားပြုံးလျက်ကြည့်နေသောလူသားလေးကိုရွန်းရွန်းစားစားကြည့်ကာရေရွတ်လိုက်သောအရိပ်လေးတစ်ခု။
အေးချမ်းခြင်းတွေအမြဲတစ်စေဆောင်ကြဉ်ပေးနေသောမျက်နှာလေးအားတစ်ဝငေးမောကာထိုအဆောင်ထက်အရိပ်ကလေးသည်အမှောင်ကြားထဲတိုးဝင်ပျောက်ကွယ်သွားလေ၏။
🌷🌷🌷🌷🌷🌷
"ကျွန်တော်မျိုးကိုဆင့်ခေါ်တယ်ဆိုတော့ဘာများမှာကြားစရာရှိလို့ပါလဲအရှင်..."
ပညာရေးအမတ်ကြီးရှောင်းထန်သည်အရှင်မင်းမြတ်အားဦးညွတ်အရိုအသေပေးကာပြောသည်။
"ထိုင်ပါဦး အမတ်ကြီး"
အရှင်ညွှန်ပြသောနေရာထက်တွင်ဝင်ထိုင်ရင်းဘယ်လိုအမိန့်မျိုးကြားရလေမလဲနားစွင့်ထားမိသည်။
"ကိုယ်တော်ကြားရတာတော့အမတ်ကြီးရဲ့သားကဥာဏ်ပညာထူးချွန်ထက်မြတ်ပြီးလူတော်လူကောင်းတစ်ယောက်လို့ကြားရတယ်...၊ကိုယ်တော့်အိမ်ရှေ့စံသားတော်လေးရဲ့ဆရာအဖြစ်ချီးမြှင့်မြောက်စားလိုတယ်...၊ဒီကိစ္စကိုအမတ်ကြီးဘယ်လိုသဘောရပါသလဲ..."
အမတ်ကြီး ရှောင်းထန်အနေနဲ့သူ့ဘဝတစ်လျှောက်လုံးဒီနိုင်ငံတော်အတွက်ပေးဆပ်နှစ်မြှုပ်ထားဖို့ဆုံးဖြတ်ပြီးသားပါ။သားအတွက်ဝမ်းသာဂုဏ်ယူရမယ့်ကိစ္စမျိုးမို့လက်ခံကြောင်းအရှင့်အားပြန်လည်လျှောက်တင်ခဲ့လေသည်။
YOU ARE READING
Historical Fiction💙ကိုယ်ကနေမင်းကြီးဆိုရင်... မင်းကကိုယ့်ဘေးနားမှာတစ်သက်လုံးအဖော်ပြုနေပေးရမယ့်ကိုယ့်ရဲ့တစ်စင်းတည်းသောလမင်းလေးလုပ်ပေးပါနော်...💙 💙ကိုယ်ကနေမင်းကြီးဆိုရင်... မင်းကကိုယ့်ဘေးနားမှာတစ်သက်လုံးအဖော်ပြုနေပေးရမယ့်ကိုယ့်ရဲ့တစ်စင်းတည်းသောလမင်းလေးလုပ်ပေ...