အပိုင်း(16)

253 31 7
                                    

"ဘာ!!!!!..."

ညီလာခံခန်းမသဘင်ထဲဟိန်းထွက်လာသောဝမ်ဘုရင်ရဲ့အသံကြောင့်အမတ်တွေအားလုံးဘုရားတရင်းမလှုပ်ဝံ့ကြ။အသက်တောင်ဖြောင့်အောင်မရူရဲကြချေ။

တစ်ချက်ကလေးမှားပါကခေါင်းပြုတ်ဖွယ်ရာရှိချေပြီ။အသက်နဲ့ကိုယ်မြဲစေရေးအတွက်ဘယ်သူ့မှဒီအရေးတွင်ဝင်၍စောဒကမတက်ဝံ့ကြပေ။

"အိမ်ရှေ့စံ!မင်းအခုပြောတဲ့စကားရဲ့အကျိုးဆက်ကိုမင်းသိလား!!!!.."

ညီလာခံခန်းမအလယ်တွင်ဒူးထောက်လျက်ရှိနေသောရိပေါ်သည်ထိုစကားကြားတော့ခေါင်းမော့လျက်ပင်ပြန်ဖြေသည်။

"အကျိုးဆက်ကိုသားတော်သိပါတယ်!...ပြီးတော့ဖြစ်လာမယ့်ဆိုးကျိုးအားလုံးကိုရင်ဆိုင်ဖို့သားတော်အဆင်သင့်ပါ...ခမည်းတော် ဘက်ကဒီကိစ္စကိုခွင့်ပြုပေးလိုက်ရုံပါပဲ၊ကျန်တာသားတော်ဘာသာဖြေရှင်းနိုင်ပါတယ်..."

ရိပေါ်အသံသည်စိုးရိမ်ထိတ်လန့်ခြင်းကင်းလျက်။ယုံကြည်မူ့အပြည့်အဝရှိနေသည်။ဘယ်သူတားတားဖြစ်အောင်လုပ်မည့်ပုံစံ။

မိုးနတ်မင်းဆင်းတားတောင်ဝမ်ရိပေါ်နောက်ဆုတ်မှာမဟုတ်ပါ။ဒီကိစ္စရဲ့အကျိုးဆက်သည်တိုင်းပြည်တစ်ခုလုံးကိုသာမကအနီးအနားတိုင်းပြည်တွေအထိပါဂယက်ထနိုင်တာသိပေမယ့်ရိပေါ်နည်းနည်းမှမကြောက်ပါ။

ယောကျာ်း မိန်းမခွဲခြားနေမူ့ကိုရိပေါ်ရအောင်ပြု ပြင်မည်။သူရဲ့မိဘုရားအဖြစ်ရှောင်းကျန့်ကိုတစ်လောကလုံးကအသိအမှတ်ပြုစေမည်။အမျိုးသားမိဘုရားတင်မြှောက်မူ့ကိုသူကအစပြု၍အကောင်အထည်ဖော်မည်။

အချစ်တွင်မည်သည့်ခွဲခြားမူ့မှမရှိစေရ။အခုလဲခမည်းတော်ထံတွင်ခွင့်လာတောင်းခြင်းဖြစ်သည်။နန်းတော်ထဲရှိအမတ်တိုင်းသိသွားအောင်ညီလာခံအချိန်ရောက်မှသူတမင်လာခွင့်တောင်းခြင်းပင်။

"အပြောမလွယ်နဲ့အိမ်ရှေ့စံ!...တိုင်းပြည်တစ်ခုလုံးဂယက်ထမယ့်အရေးမို့ငါကိုယ်တော်ခွင့်မပြုနိုင်ဘူး...ပြန်တော့!..."

"ခမည်းတော် !!!!..."

"ဘာလုပ်နေတာလဲ!!!!....အိမ်ရှေ့စံကိုပြန်လိုက်ပို့ကြ..."

ချစ်ခြင်းနေမင်းရဲ့အလွမ်းလမင်းငယ်(ချစ်ခြင်းနေမင်းရဲ့အလွမ်းလမင်းငယ်)Where stories live. Discover now