ဖွင့်လိုက်တာနဲ့သပ်ရပ်လှပစွာစီခြယ်ရေးဆွဲထားသောလက်ရေးလေးကြောင့်ရိပေါ်
အံဩတစ်ကြီးရေရွတ်မိလေသည်။ပန်းသွေးချယ်လျက်ရှိသောစာမျက်နှာပြင်ထက်တွင်အစီအရီရေးသားထားသောစာလုံးလေးများသည်မထိရက်မတို့ဝံ့စရာလှပလွန်းလှသည်။
ဝူဆန်းသည်ပင်မနေနိုင်စွာထိုလက်ရေးလေးအားကြည့်ပြီး
"တကယ့်ထိပ်တန်းလက်ရေးပဲ!!!..."
ဝူဆန်းဆီကဤသို့မှတ်ချက်ချသံကြားတာနဲ့ရိပေါ်စာရွက်လေးအားမည်သူမှမမြင်အောင်ဖွတ်ထားချင်လာသည်။
နတ်ဘုရားလေး၏လက်ရေးသည်သူ့တစ်ယောက်တည်းကြည့်ဖို့သာဖြစ်ချင်မိသည်။
"မင်းသားလေး!စာမဖက်ကြည့်ဘူးလား"
သူ့ရင်ခွင်ထဲထည့်ကာဝှတ်ထားမိသည့်စာရွက်အားမေးငေါ့ကာဝူဆန်းပြောကာမှရိပေါ်စာဖက်ရန်သတိရမိလေသည်။
ထို့ကြောင့် စားပွဲထက်ပြန်တင်ကာစာဖက်ကြည့်လိုက်သည်။
🌸🌸💖
ကြီးမြတ်သောမင်းသားလေး...စတွေ့တဲ့နေ့ကတိုင်းပြည်ရဲ့အိမ်ရှေ့စံမှန်းမသိလို့ကျူးလွန်မိတဲ့အပြစ်အတွက်
မင်းသားလေးကို တောင်းပန်ပါတယ်
တစ်ကြိမ် တစ်ခါသောအမှားမို့ခွင့်လွှတ်
ပေးပါ...
မင်းသားလေးကိုခေါ်ဝေါ်စွပ်စွဲခဲ့မိတဲ့
အတွက် ကျွန်တော်မျိုးစိတ်ရင်းနဲ့
အနူးညွတ်တောင်းပန်ပါတယ်....
🌸🌸🌸🌸🌸💖စာလေးအားဖက်ပြီးရိပေါ်ရင်ထဲကြည်နူးမူ့တွေအပြည့်။
နတ်ဘုရားလေးအားတစ်နေ့ထက်တစ်နေ့ပိုပိုစွဲလမ်းလာသည်။အနာဂတ်တွင်နတ်ဘုရားလေးကိုသူ့ရဲ့တစ်ဦးတည်းသောမိဖုရားဖြစ်စေချင်သည်။
သူနန်းတက်သည့်အခါနတ်ဘုရားလေးအားဧကရီဘွဲ့အပ်နှင်းကာသူ့ရဲ့ဘေးနားမှာအမြဲနေစေမည်။
ထိုသို့ဖြစ်ရဖို့အတွက်ရိပေါ်ရင်ဆိုင်ကျော်ဖြတ်ရမှာတွေရှိရင်တောင်နောက်ဆုတ်မှာမဟုတ်ချေ။
ခမည်းတော် ကဟန့်တားမည်ဆိုရင်တောင်ရိပေါ်နတ်ဘုရားလေးလက်အားရဲရဲဆွဲကာတစ်လောကလုံးကိုဆန့်ကျင်ပစ်သည်။
YOU ARE READING
Historical Fiction💙ကိုယ်ကနေမင်းကြီးဆိုရင်... မင်းကကိုယ့်ဘေးနားမှာတစ်သက်လုံးအဖော်ပြုနေပေးရမယ့်ကိုယ့်ရဲ့တစ်စင်းတည်းသောလမင်းလေးလုပ်ပေးပါနော်...💙 💙ကိုယ်ကနေမင်းကြီးဆိုရင်... မင်းကကိုယ့်ဘေးနားမှာတစ်သက်လုံးအဖော်ပြုနေပေးရမယ့်ကိုယ့်ရဲ့တစ်စင်းတည်းသောလမင်းလေးလုပ်ပေ...