အပိုင်း(19)

246 23 9
                                    

"ခွမ်း!...."

ကြမ်းပြင်ဆီကျသွားတဲ့ကြွေပန်းကန်ပြားအသံကြောင့်ရှောင်းကျန့်ဇတ်ကလေးပုသွားမိသည်။အထိန်းတော်ကြီးတွေကတော့သူ့ကိုစိတ်မရှည်သည့်ဟန့်။

မိုးမြေကန့်တော့အရိုအသေပြုခြင်းအခမ်းအနားအတွက်ကိုယ်နေဟန်ထားလေ့ကျင့်နေရသည်မှာမနက်တည်းကဖြစ်သည်။

နေ့လည်နားချိန်ပင်ရောက်တော့မည်။ရှောင်းကျန့်ခုထိအဆင်မပြေသေး။အချိုးညီညီကွေးထားရမည့်ပုခုံးနေရာတွင်တင်ထားသည့်ကြွေပန်းကန်ပြားတို့ကြောင့်သူ့မှာစိတ်မနည်းတင်းထားရသည်။

စိတ်လျော့လိုက်တာနဲ့တစ်ပြိုင်နက်ထိုပန်းကန်ပြားတို့သည်တစ်ခွမ်းခွမ်းကြမ်းပြင်သို့ကျကွဲကုန်လေသည်။ဒီတစ်ချပ်နဲ့ဆိုရင်ကွဲတာငါးချပ်မြောက်။သူလဲအတော်လေးပင်ပန်းနေချေပြီ။

"ကြင်ယာတော်ကြည့်ရတာပင်ပန်းနေပြီထင်တယ်...ခဏနားလိုက်ပါဦး..."

ရှောင်းကျန့်မျက်နှာချက်ချင်းပင်ပြုံးရွှင်သွားမိလေသည်။တကယ်လဲသူပင်ပန်းနေတာကို။

ထို့ကြောင့် ခေါင်းငြိမ့်ပြလိုက်ရင်းမိမိနေရာထက်မှာဝင်ထိုင်လိုက်တော့အနီရောင်ဖဲကြိုးနဲ့စည်းနှောင်ထားသောစာလေးအားတွေ့လိုက်ရသည်။

ဖွင့်ကြည့်တော့သူသိပ်တွေ့ချင်နေတဲ့သူဆီကစာမို့ရှောင်းကျန့်ဝမ်းသာသွားမိသည်။မညီညာမသပ်ရပ်ပေမယ့်သူတန်ဖိုးထားသည်။ဒါဟာသူတို့နှစ်ယောက်ကြားထဲမှာရှိတဲ့သခင်နဲ့အစေခံထက်ပိုတဲ့သွေးရင်းမောင်နှမလိုဆက်ဆံရေးပဲ။

~~ငါလဲမင်းကိုသတိရပါတယ်ယင်းလေး~~

🌷🌷🌷🌷🌷🌷🌷

"အီး... ဟီးးး... ဟင့်!!....ဟင့်....သမီးတော်သူ့ကိုပဲလိုချင်တယ်...မယ်မယ်!...ခမည်းတော် ကိုပြောပေးပါနော်..နော် မယ်မယ်.... !!!..."

"ဝမ်မုံရှန့်စိတ်ထိန်းစမ်း!!!...သမီးတော်ကအသက်မပြည့်သေးဘူးလေ...အသက်ပြည့်တဲ့အခါအဲ့ဒီကလေးထက်သာတဲ့သူတွေ့လာမှာပါ...အဲ့တာကြောင့်မယ်မယ်စကားကိုနားထောင်နော်!..."

သူမဒါတွေနားမလည်ပါ။သူမသိတာသူမလိုချင်တဲ့သူကိုရအောင်ယူနိုင်ဖို့ပင်။အကိုတော်ကျတော့လက်ဆက်ခွင့်ရပြီးသူ့အလှည့်ကျမှဒီလိုလုပ်လို့ရမလား။

ချစ်ခြင်းနေမင်းရဲ့အလွမ်းလမင်းငယ်(ချစ်ခြင်းနေမင်းရဲ့အလွမ်းလမင်းငယ်)Nơi câu chuyện tồn tại. Hãy khám phá bây giờ