အပိုင်း(31)

164 28 4
                                    

"အရှင့်ရဲ့ဝေဒနာကိုကျွန်တော်မျိုးပျောက်ကင်းအောင်မကုသနိုင်ပါဘူးမယ်တော်ကြီး..."

သက်ပြင်းချသံနှင့်အတူတော်ဝင်သမားတော်ကြီးကပြောသည်။မယ်တော်ကြီးရဲ့မျက်နှာသည်ချက်ချင်းဆိုသလိုတင်းမာသွားပြီး...

"ဒီတိုင်းပြည်ရဲ့အတော်ဆုံးတော်ဝင်သမားတော်ဆိုတဲ့ဘွဲ့ထူးကိုအားနာပါဦး...မင်းကြီးရဲ့ရောဂါကိုပျောက်ကင်းအောင်မကုသနိုင်ဘူးလား..."

"ကျွန်တော်မျိုးအကောင်းဆုံးကြိုးစားပြီးပါပြီ...တကယ်ဆိုအနာတခြားဆေးတခြားဖြစ်နေတာပါ...စိတ်ကြောင့်ရတဲ့ဝေဒနာကိုစိတ်နဲ့ပဲဖြေသင့်၊ကုသင့်ပါတယ်..."

ပြောသင့်တာပြောပြီးတာနဲ့သမားတော်ကြီးသည်အခန်းထဲမှထွက်သွားသည်။မယ်တော်ကြီးကတော့ဘာတစ်ခွန်းမှမဆိုပဲမျက်ဝန်းများမှေးမှိတ်ထားပြီးအသိမဲ့နေတဲ့ရိပေါ်ကိုသာငေးကြည့်နေမိသည်။

စိတ်ကြောင့်ရတဲ့ဝေဒနာကိုစိတ်နဲ့ပဲဖြေရမယ်တဲ့လား။အဲ့စိတ်လေးရှင်သန်လာအောင်သူမဘယ်လိုလုပ်ပေးရမှာလဲ။ထိုစိတ်သေဆုံးသွားအောင်ရိုက်ချိုးပစ်ခဲ့တာလဲသူမကိုယ်တိုင်သာမဟုတ်လား။

ဒီကလေးရဲ့နှလုံးသားကဒီလောက်ထိအစွဲကီးတက်မှန်းသူမမတွေးဖူးခဲ့ဘူး။မြေးတွေထဲမှာအချစ်ရဆုံးသောမြေးမို့ဒီကလေးသာနေပြန်ကောင်းမယ်ဆိုရင်သူမဘာပဲလုပ်ရလုပ်ရ....။

"ဒီအတွက်မယ်တော်ကြီးစိတ်မပူပါနဲ့...ကျွန်တော်မျိုးမဆောင်ရွက်ပေးပါ့မယ်..."

အသံရှင်ကားအခြားသူမဟုတ်။နတ်နန်းသခင်မရှင်းမူပင်။ထိုစကားကြောင့်မယ်တော်ကြီးမျက်နှာထက်တွင်မျှော်လင့်ချက်ရောင်ခြည်များသန်းလာသည်။ဟုတ်သားပဲ....အစွမ်းအစရှိတဲ့လူတစ်ယောက်ကိုသူမမေ့နေခဲ့တာပဲ။

"မင်းတကယ်စွမ်းဆောင်ပေးနိုင်မှာလားရှင်းမူ..."

"မယ်တော်ကြီးစိတ်ချလက်ချသာနေလိုက်ပါ....မကြာခင် အရှင်နေပြန်ကောင်းပြီးရင်သွေးရတနာဆောင်ယူမယ့်နေ့ကျင်းပဖြစ်စေရပါမယ်..."

"ကောင်းပြီလေ...ငါမင်းကိုအပြည့်အဝယုံကြည်ထားလိုက်မယ်ရှင်းမူ.."

ချစ်ခြင်းနေမင်းရဲ့အလွမ်းလမင်းငယ်(ချစ်ခြင်းနေမင်းရဲ့အလွမ်းလမင်းငယ်)Where stories live. Discover now