ချန်ကျောင်းသည်မင်းသားကိုသတ်ပြီးသည်နှင့်လင်းမိဖုရားထံရောက်ရှိလာ၏။
"တွေ့သွားတဲ့လူရှိပါတယ်...."
"ဘယ်သူလဲ!!"
"နတ်နန်းကလို့ယူဆရပါတယ်...မယ်တော်ကြီး! "
လင်းမိဖုရားချက်ချင်းပင်ကောက်ကျစ်သောအကြံအစည်တစ်ခုဖြစ်ပေါ်လာလေသည်။
"မင်းသားရဲ့အိမ်တော်အောက်မှာနတ်နန်းသုံးအင်းစာရွက်တွေသွားမြှုပ်ထားလိုက်ပါ၊ပြီးတော့အိမ်တော်ရဲ့တိုင်လုံးတွေမှာပါကပ်ထားလိုက်၊ငါတို့လုပ်သမျှအပြစ်ခံယူပေးမယ့်သူပေါ်လာပြီ...ဟင်း...အဲ့ဒီနတ်ဆရာမရဲ့ပုံတူကိုပုံကြမ်းဆွဲပြီးမြို့တော်အတွင်းဆုကြေးငွေထုတ်ပြီးဖမ်းဖို့ပြင်လိုက်ပါ...အတွင်းဝန်မင်း.!!.."
"အမိန့်တော်အတိုင်းပါ..မယ်တော်ကြီး! "
တစ်ဖက်တွင်လဲနတ်နန်းအကြီးအကဲသည်ပညာတော်သင်နတ်ဆရာမများအားလုံးကိုခေါ်ယူစစ်ဆေးနေလေသည်။
အဓိကကတော့ရှင်းမူပင်။တစ်ခန်းထဲအတူနေသူသူငယ်ချင်းမို့ရှင်းမူအားတင်းကျပ်စွာစစ်ဆေးကြသည်။
မေးသမျှပြောပြလိုက်ဖို့ကလွဲလို့ရှင်းမူတစ်ယောက်မတက်နိုင်ခဲ့။စိတ်ထဲမှာလဲချစ်သူငယ်ချင်းအားရင်အန္တာရယ်ကင်းဖို့သာဆုတောင်းနေမိသည်။
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷
"မဟုတ်ဘူး! ..."
"မဟုတ်ဘူး..."
မြို့ထဲအဝင်ဂိတ်တွင်ဂိတ်မှူးရဲမက်ကပုံတူတစ်ခုကိုကိုင်ကာဝင်သမျှလူတိုင်းကိုစစ်ဆေးနေ၏။
"ခဏလေး ရပ်ပါဦး...!"
ဂိတ်မှူးရဲ့စကားကြောင့်ဝေါယာဉ်သည်ရပ်တန့်သွားလေ၏။
"ဘာကိစ္စရှိလို့ပါလဲ!..."
အစေခံအမျိုးသမီးကမေးတော့ရဲ့မက်ကလက်ထဲကပုံတူကိုပြရင်း
"ကျွန်တော် တို့ကတာဝန်အရဒီမိန်းကလေးကိုရှာနေတာပါ...အဲ့တာကြောင့်ဟော့ဒီဝေါယာဉ်တံခါးဖွင့်ပြရပါလိမ့်မယ်..."
အစေခံသည်ပုံတူကိုမြင်သည်နှင့်မျက်စိမျက်နှာပျက်မတက်ပင်။အဘယ့်ကြောင့်ဆိုသောမနက်ကမှမိမိတို့ကယ်လာသောအမျိုးသမီးဖြစ်နေသောကြောင့်ပင်။
YOU ARE READING
Historical Fiction💙ကိုယ်ကနေမင်းကြီးဆိုရင်... မင်းကကိုယ့်ဘေးနားမှာတစ်သက်လုံးအဖော်ပြုနေပေးရမယ့်ကိုယ့်ရဲ့တစ်စင်းတည်းသောလမင်းလေးလုပ်ပေးပါနော်...💙 💙ကိုယ်ကနေမင်းကြီးဆိုရင်... မင်းကကိုယ့်ဘေးနားမှာတစ်သက်လုံးအဖော်ပြုနေပေးရမယ့်ကိုယ့်ရဲ့တစ်စင်းတည်းသောလမင်းလေးလုပ်ပေ...