~~ဒူ.....ဒူ....ဒူ...~~
တီးခတ်လိုက်သောမင်္ဂလာမောင်းသံသည်လမ်းမတစ်ခုလုံးဆူဆူညံသွားသည်။တိုင်းပြည်အတွင်းရှိလူများသည်လဲလမ်းမထက်ထွက်ကြည့်ကြကုန်၏။
စီတန်းလျက်လာနေသောလူများသည်မင်္ဂလာရောင်ဖြစ်သောအနီရောင်များဆင်ယင်ထားကြသည်။မင်္ဂလာဝေါယာဉ်အနီရောင်လေးအားလူလေးယောက်ထမ်းထားရသဖြင့်ဒါတော်ရုံတန်ရုံရာထူးအရှိန်အဝါမျိုးမဟုတ်ပေ။
"ဟဲ့...ဒါအိမ်ရှေ့စံမင်းသားလေးရဲ့ကြင်ယာတော်လောင်းနန်းတော်ထဲဝင်တဲ့နေ့မလား..."
"ဟုတ်ပါ့တော်!...ကြည့်ပါဦးခမ်းနားလိုက်တာ၊မသိရင်..ခုပဲလက်ထပ်ထိမ်းမြားတော့မလိုပဲ..."
"အေးဟယ်!...ဒါနဲ့ကြင်ယာတော်ကယောက်ျားလေးဆို၊ဘယ်လိုတွေဖြစ်ကုန်တာလဲမသိပါဘူးနော်...၊လောကကြီးကထူးဆန်းလိုက်တာ..."
ထိုကဲ့သို့တစ်ယောက်တစ်မျိုးဝေဖန်ရင်းဝေး၍သွားသောလူတန်းကြီးအားကြည့်နေကြတော့သည်။
🌷🌷🌷🌷🌷🌷🌷🌷
စိတ်လှုပ်ရှားခြင်းဆိုသည့်အရာကိုသူငယ်စဉ်ကတည်းကကြုံဖူးသည်။ကိုယ်မလုပ်ဖူးသောအလုပ်တစ်ခုအားပထမဆုံးလုပ်ရင်စိတ်လှုပ်ရှားခြင်းရစမြဲပင်မဟုတ်လား။
ယခုအဆမတန်လှုပ်ရှားနေသောစိတ်အားရှောင်းကျန့်ဘယ်လိုအမျိုးအမည်တပ်ရမလဲမသိ။သူ့ရင်တွေတစ်ဒိန်းဒိန်းခုန်နေကာလက်ဖျားခြေဖျားကလေးများပင်အေးစက်နေမိ၏။
မကြာခင် နန်းတော်တံခါးဝအားရောက်တော့မည်။မင်းသားလေးနဲ့မကြာခင်သူလက်ဆက်ရပြီးအိမ်ရှေ့စံမိဖုရားဖြစ်လာတော့မည့်အရေးသည်သူဘယ်တုန်းကမှစိတ်ကူးမယဉ်ဝံ့တဲ့အရာ။
အခုတော့တကယ်ပင်ဖြစ်လာတော့မည်။ကိုယ်ဖမ်းဆုပ်ဖို့မဝံ့ရဲခဲ့တဲ့နေမင်းကြီးကသူ့ရင်ခွင်ထဲသက်ဆင်းချင်ပါသတဲ့။ကိုယ်အမြဲမော့ကြည့်ရမယ်လို့တွေးထင်ထားခဲ့ဖူးတဲ့ကောင်းကင်ကြီးကသူ့အပိုင်ဖြစ်တော့မယ်တဲ့။
အိမ်မက်အလား။ရှောင်းကျန့်ခုထိမယုံနိုင်သေး။မယုံရဲယုံရဲဖြစ်ခဲ့ရသည့်အချိန်တို့အားပြန်တွေးရင်းလွန်ခဲ့တဲ့၂ရက်ခန့်ကအကြောင်းအားတွေးမိရင်းအပြုံးတို့ဖြစ်ပေါ်မိပြန်သည်။
YOU ARE READING
Historical Fiction💙ကိုယ်ကနေမင်းကြီးဆိုရင်... မင်းကကိုယ့်ဘေးနားမှာတစ်သက်လုံးအဖော်ပြုနေပေးရမယ့်ကိုယ့်ရဲ့တစ်စင်းတည်းသောလမင်းလေးလုပ်ပေးပါနော်...💙 💙ကိုယ်ကနေမင်းကြီးဆိုရင်... မင်းကကိုယ့်ဘေးနားမှာတစ်သက်လုံးအဖော်ပြုနေပေးရမယ့်ကိုယ့်ရဲ့တစ်စင်းတည်းသောလမင်းလေးလုပ်ပေ...