【28】• FINAL •

2.4K 185 58
                                    

⟨ Unicode Version ⟩
Me, Myself & Bad Romance
- Final -

နိုးလာတာနဲ့ သူမြင်လိုက်ရတာက ခန်းဆီးအဖြူရောင်စတွေဖြစ်သည်။ ခန္ဓာကိုယ်မှာ နာကျင်တာမျိုးမရှိပေမယ့် မအိပ်ပျော်ခင်က နောက်ဆုံးအသိတရားထဲ ကိုကိုနဲ့အတူတူရှိနေခဲ့တာ သတိရမိတော့ သူချက်ချင်းထထိုင်လိုက်မိသည်။

" ကိုကို! "

တိုးဖွဖွရေရွတ်သံနဲ့အတူ ဘေးဘီဝဲယာကို ကြည့်မိတော့ သစ်လွင်တောက်ပနေတဲ့အဖြူရောင်တွေနဲ့ ဖွဲ့စည်းထားတဲ့အပြင်အဆင်တွေကို သူ မင်သက်စွာ မြင်လိုက်ရသည်။ အဲ့ဒီလိုပဲ တစ်ချက်တစ်ချက် နားထဲ ကြားနေရတာက လှိုင်းသံသဲ့သဲ့။

ဒါ သူ့အိမ်မဟုတ်သလို ကိုကို့ကွန်ဒိုလည်း မဟုတ်။ အိမ်အတွင်းဘက်ကနေ အလုပ်ရှုပ်နေတဲ့အသံသဲ့သဲ့ကြားနေရတာမို့ အိပ်ယာပေါ်ကဆင်းကာ ပွင့်နေတဲ့တံခါးအတိုင်း သူ အပြင်သွားမိသည်။ လှေကားတစ်ခုကို တွေ့တာမို့ ထိုအတိုင်း သူဆင်းသွားမိတော့အပန်းဖြေနေရာပုံစံလိုမျိုး အပြင်အဆင်တွေ ဆက်တိုက်တွေ့ရပြန်သည်။ သိပ်မကြီးလွန်းပေမယ့် တော်သင့်ရုံအနေအထားလောက်ရှိတဲ့ ဒီအဆောက်အဦထဲမှာ သူ တစ်ယောက်တည်း ရှိနေတာလား သူသံသယဖြစ်မိသည်။ ထို့ကြောင့် ပိုနီးကပ်လာတဲ့အသံလာရာဆီ ဦးတည်မိတော့ နောက်ဆုံးမှာ မီးဖိုချောင်ထဲအလုပ်ရှုပ်နေတဲ့ ကိုကို့ကို သူမြင်လိုက်ရသည်။

" ကိုကို~~ "

ခပ်ဖွဖွလေးခေါ်လိုက်မိပေမယ့် ကိုကို သူ့ကို လှည့်ကြည့်သည်။ အတန်ကြာ စိုက်ကြည့်နေပြီးမှ ကိုကိုဟာ သူ့ကို ဝမ်းသာအားရ ပြုံးပြရင်း လုပ်လက်စအလုပ်ကို ပစ်ချကာ သူ့ကို ပြေးဖက်သည်။

" နိုးလာပြီပေါ့လေ "

ပွေ့ဖက်ရင်း သူ့ဆံနွယ်ပွပွတွေကို နမ်းရှိုက်ကာ မေးလာတော့ သူ အဖြေမပေးနိုင်သေး။ ကိုကို့ပွေ့ဖက်မှုနဲ့ အနမ်းတွေကြားမှာ သူဆွံ့အနေမိသေးသည်။

ဘာတွေပြောင်းလဲကုန်တာလဲ ... အရင်ကဆို တွေ့တာနဲ့ နာကျင်အောင်ပြောဖို့ပဲသိတဲ့ကိုကိုက၊ ခက်ထန်ကြမ်းတမ်းစွာ ဆက်ဆံဖို့ပဲ သိတဲ့ကိုကိုက ဘာဖြစ်လို့များ သူ့ကို နူးညံ့နေရတာလဲ ...။

Me, Myself & Bad Romance【Completed】 Where stories live. Discover now