【15】- 01

1.1K 168 49
                                    

⟨ Unicode Version ⟩
* Me, Myself And Bad Romance*
အပိုင်း ၁၅

" လက်ထပ်ရမယ် ဆော့ဂျင် ~~ ဒါမှ မင်းကို ငါ ဆက်ခံသူနေရာ လွှဲပေးမယ် ... "

ဧည့်ခန်းထဲ  ဖြစ်သလိုထိုင်နေတဲ့သားဖြစ်သူ ကင်ဆော့ဂျင်ကို သူ ခပ်မာမာပြောလိုက်မိတော့ သားဖြစ်သူက ပထမဦးဆုံးအနေနဲ့ သူ့ကို မထီမဲ့မြင်ကြည့်လာသည်။ သူနဲ့ သား ကြားမှာ အဆင်မပြေတာမျိုး တစ်ခုတလေလေးတောင် မရှိခဲ့ပေမယ့် အခုတော့ သားဖြစ်သူဟာ သူနဲ့ ဆန့်ကျင်ဘက်လုပ်မည့်ပုံစံမျိုးပင်။ တခြားနေရာတွေမှာ ညှိယူပြီးပြောရင် ရပါလျက်နဲ့ ဂျောင်ဂုနဲ့ ပတ်သက်တဲ့ကိစ္စမှာတော့ သားဟာ အရိုင်းဆန်လွန်းသည်။ ဒါဟာလည်း အချစ်ဦးကို ဆုံးရှုံးပြီး နှစ်အတော်ကြာနာကျင်ခဲ့ရတဲ့ဒဏ်ရာတွေရဲ့ နောက်ဆက်တွဲဆိုတာ သူသိတော့ မပြောရက်။ သို့ပေမယ့် သားဟာ ဂျောင်ဂုကို ချစ်နေပါလျက်နဲ့ ကိုယ်တိုင်ဖျက်ဆီးပစ်နေတာမျိုးကိုတော့ သူခွင့်မပြုနိုင်။ သားကို သူချစ်ရသလို ဂျောင်ဂုဆိုတဲ့ကလေးဟာလည်း  သူအရမ်းချစ်ခဲ့ရတဲ့ကောင်ငယ်လေးရဲ့ သွေးသားလေ။

" ... လက်ထပ်ရမယ်?  ရပါတယ် ကိစ္စမရှိဘူး ~~ လက်ထပ်ဆိုလည်း ယူလိုက်ရုံပေါ့ ... အဓိကက ကျွန်တော် အင်တာတိန်းမန့်ကို ဆက်ခံရဖို့ပဲလေ ..."

ငြင်းမယ်ထင်နေခဲ့ပေမယ့် မငြင်းဘဲ ချက်ချင်းလက်ခံတဲ့သားကြောင့် သူ အံ့ဩသွားရပေမယ့် သားရဲ့စကားတွေက ပေါ့ပျက်ပျက်နိုင်လွန်းနေတာတော့ သိသည်။ ထို့ကြောင့် သူ ရယ်လိုက်မိတော့ ဆော့ဂျင်လေးက သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်လာသည်။

" ... ငြင်းပါဦးလား ကင်ဆော့ဂျင်ရယ် ~~ ဂျောင်ဂုလေးကို မတန်မရာပြောထားပြီးမှ ~~ ဒီလို ချက်ချင်းလက်ခံတာက မာနမထိဘူးလား .."

သားအဖ‌နှစ်ယောက်ကြား အရင်လို ပေါ့ပေါ့ပါးပါးစကားဝိုင်းလေးရဖို့ သူကြိုးစားမိတော့ ဆော့ဂျင်လေးက အကြည့်လွှဲကာ ပြန်ချေပလာသည်။

" အဖေ့အင်တာတိန်းမန့်အပေါ် ကျွန်တော် ဘယ်လောက်ထိ အားစိုက်ထုတ်ထားရလဲ အဖေသိမှာပါ ... ဒီနေရာမှာ သူမှ မဟုတ်ဘူး  တခြား ဘယ်သူမဆို အဖေပေးစားရင် ယူရမှာပဲ .. ကျွန်တော့်မှာ အလုပ်ကလွဲရင် ကျန်တာ လိုအပ်တာမျိုးမှ မရှိတာ ..."

Me, Myself & Bad Romance【Completed】 Where stories live. Discover now