【14】

970 163 20
                                    

⟨ Unicode Version ⟩

• Me, Myself & Bad Romance •
• အပိုင်း ၁၄ •

" ... "

နာကျင်မှုကနေ သက်သောင့်သက်သာအနေအထားရောက်လာတာနဲ့ သူ မျက်ဝန်းတွေ ဖွင့်ကြည့်မိသည်။ သူ မြင်လိုက်ရတာက ခပ်အုံ့အုံ့မျက်နှာကြက်ပင်။ သူနိုးလာနေကျ ရင်းနှီးတဲ့ပတ်ဝန်းကျင်မဟုတ်တာမို့ သူ ချက်ချင်း ထထိုင်လိုက်မိသည်။ နူးညံ့နေတဲ့အိပ်ယာပေါ် သူ ရောက်နေတာဖြစ်ပြီး ခပ်သင်းသင်းအနံ့က သူ့ကို ဖုံးလွှမ်းထားသည်။ ပေါ့ပါးနေတဲ့ခန္ဓာကိုယ်ကြောင့် သူ့ကိုယ်သူ ကြည့်မိတော့ oversized shirt တစ်ထည်ကို ပေါ့ပေါ့ပါးပါးချည်ဘောင်းဘီနဲ့ တွဲဝတ်ထားတာတွေ့လိုက်ရသည်။

ဟင် ~~ မဟုတ်သေးဘူးလေ ~~ မနေ့က ~~ မနေ့က သေချာပေါက် အလုပ်စားပွဲမှာ ရှိနေခဲ့တာပါ ... ဒါကို ဘယ်လိုလုပ်ပြီး အခု ~~ ‌နေဦး ... ညက ဘာဖြစ်သွားတာလဲ ...

သူအသည်းအသန်စဉ်းစားမိတော့ သူ့အာရုံထဲပေါ်လာတာက လူတစ်ယောက် သူ့ကို ပွေ့ချီသွားသည်ပင်။ ဘယ်သူလဲဆိုတာ သေချာမမှတ်မိပေမယ့် ထိုသူက သူ့အင်္ကျီကြယ်သီးကို ဖြုတ်နေတာတော့ သူ မှတ်မိသည်။  အဲ့ဒါအပြင် သူ့ကိုယ်ကို ဆွဲလှည့်ပြီး အင်္ကျီဝတ်ပေးတဲ့အချိန်မှာ သူ ရေးရေးလေးမြင်မိတာက လည်ဆွဲပင်။

... သေသွားရင်တောင် မှတ်မိနေမယ့် အဲ့ဒီ့လည်ဆွဲလေး ... မဟုတ်မှ ... ဒီကို ချီလာပေးတာ ကိုကိုများလား ~~

" မဖြစ်နိုင်တာပဲ ဂျွန်ဂျောင်ဂု ~~ ကိုယ့်ကိုယ်ကိုယ် စိတ်မပူဘဲ အခု ဘာတွေ စိတ်ကူးယဉ်နေပြန်ပြီလဲ ... ကိုကိုက ဘယ်တော့မှ မင်းဆီပြန်လာတော့မှာ မဟုတ်ဘူးလေ .. "

သူ့ကိုယ်သူ အားမလိုအားမရရေရွတ်ရင်း သူ့ကို ချီလာပေးတဲ့သူ ဘယ်သူဆိုတာ သိဖို့ ကြိုးစားမိသည်။ သူ ကုတင်ပေါ်က မဆင်းခင် တစ်ခဏမှာပဲ အခန်းထဲ ဝင်လာတဲ့လူတစ်ယောက်ကြောင့် သူလန့်သွားရသည်။

" နိုးပြီလား ... ဂျွန်ဂျောင်ဂုရှီ"

သူတစ်ခါမှ မမြင်ဘူးတဲ့ ဝတ်စုံပြည့်နဲ့ လူကြီးက မေးလာလေလျှင် သူ ခေါင်းညိတ်ပြီး ကြောင်အစွာ ကြည့်နေမိသည်။

Me, Myself & Bad Romance【Completed】 Where stories live. Discover now