【12】- " ဂျွန့်ဒိုင်ယာရီ "

945 129 51
                                    

⟨ Unicode Version ⟩

Jinah's Note:::
ဒီဟာလေးကိုလေ သေချာ မဖတ်ကြမှာ စိုးလို့ သီးသန့်လေး ရေးပေးလိုက်တာပါ  ... another Jinkook Versionရဲ့ Kookie Diary လို ခံစားပြီး ဖတ်ပေးရင် ပိုပြီး ကျေးဇူးတင်မိမှာပါ .. ဘာလို့လဲဆိုတော့ Bad Romance ရဲ့ မူရင်း ပလော့မို့လို့ပါ ... SE မို့လို့ အရှည်မရေးဘဲ မွေးလာတဲ့ သားနှစ်ယောက်‌အကြောင်းကို ရေးလာဖို့ အိုင်ဒီယာ ရခဲ့တာပါ .. ဖေဖေတို့ မဆုံဆည်းရသမျှ သားသားတို့ရော SEဖြစ်မလား HEဖြစ်မလား ဆိုတာက မသိသေးပါဘူး ~~ ဂျင်နာ SEမကြိုက်ပေမယ့် အခုတလော တော်တော်လေး သဘောကျနေလို့ပါ … ဒါလေးကို သေချာ ဖတ်ပေးကြပါဦးနော် 🙇🏻‍♀️

᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥

“ ဂျွန့်ဒိုင်ယာရီ ”

[01]
.... အထက်တန်းကျောင်းပွဲတော်နေ့မှာ စူပါစတားတစ်ယောက်နဲ့တွေ့ခဲ့ရတယ်  ... သူက မမှတ်မိပေမယ့် ငါကတော့ သေချာသိတယ် ... ငါငယ်ငယ်တုန်းက ငါ့အဖေနဲ့အမေကွာရှင်းပြီး အိမ်ရောင်းတဲ့နေ့မှာ ဘေးအိမ်ကို ပြောင်းလာတဲ့အစ်ကိုကြီးဆိုတာ ... တောက်ပနေတဲ့သူ့ဘေးနားမှာ လူတွေအုံနေကြပေမယ့် ငါကတော့ စိတ်ကုန်သလိုပဲ ကျော်သွားခဲ့မိတယ် .. လူအများကြီးသဘောကျတဲ့အရာတွေကို မကြိုက်တာ ငါလေ ... ဒါပေမဲ့ ငါအမှားတစ်ခုလုပ်လိုက်မိတယ် .. ဖျော်ဖြေရမယ့်သူ့အင်္ကျီကို ညစ်ပတ်သွားအောင်လုပ်လိုက်မိတယ် ... သူကတော့ ပြုံးရင်း အဆင်ပြေတဲ့ပုံစံနေနေပေမယ့် ငါကတော့ အမုန်းတွေနဲ့ပဲ ကြည့်ခဲ့မိတယ် ဘာလို့လဲဆိုတော့ ငါအိမ်‌မပြောင်းခင် သူငယ်ချင်းလုပ်မလားမေးမိတာကို သူက ငါ့ကို ကလေးတစ်ယောက်လို ဆက်ဆံသွားလို့လေ ...

[02]
တက္ကသိုလ်ပထမနေ့မှာ သူ့ကိုပြန်တွေ့ခဲ့တယ် ... သူက ကျောင်းမှာ ငါ့အ‌ဆောင်ရဲ့ စီနီယာတဲ့ .. စီးပွားရေးမေဂျာယူပြီး အနုပညာရှင်ဖြစ်သွားတဲ့ သူ့ကိုတော့ အံ့ဩမိသား ... ငါကတော့ ရှေ့နေတစ်ယောက်ဖြစ်ချင်ခဲ့မိတာ ... လျှောက်လမ်းတွေ မတူခဲ့ဘူးပဲ ...  ခင်ချင်စိတ်တော့မရှိပေမယ့် သူငယ်ချင်းတစ်ယောက်က သူ့ကို မိတ်ဆက်ပေးခဲ့တယ် ... အဲဲ့ဒီ့သူငယ်ချင်းဟွမ်ဂင်ဝန်းက ကင်မင်ဆွန်းဆိုတဲ့သူနဲ့ တွဲနေတာတဲ့လေ .. ဒါပေမဲ့ ငါ့စိတ်ထဲမှာတော့ သူ့အကြည့်တွေက ဟွမ်ဆီမှာမရှိဘဲ ငါ့ဆီမှာ ရှိနေသလိုမျိုး ခံစားနေရတယ် .. ထားပါတော့ ... ဒီနေ့မူးအောင်သောက်ဖို့ဆုံးဖြတ်ထားပေမယ့် တကယ်မူးအောင်သောက်လိုက်တာက ကင်မင်ဆွန်းဆိုတဲ့စူပါစတားဖြစ်နေတာမို့ ငါ့အဆောင်ထိ သယ်လာရတယ် ... အခုတော့ ငါ့အိပ်ယာက သူ့အပိုင်စားဖြစ်နေလေရဲ့ ... ရယ်တော့ရယ်ရသား ... အရက်မသောက်နိုင်တဲ့ကင်မင်ဆွန်းက လစ်မစ်ကျော်ရင် လိင်စိတ်တွေ ဖြစ်လာတာပဲ ... သူထပ်မလှုပ်နိုင်ရအောင် ငါ့မှာ ကြိုးချည်ထားပေးရတယ် .. ဒီအကြောင်းတွေကို သတင်းအဖြစ်ရောင်းစားရင် အဆင်ပြေလောက်တယ်မလား ...

Me, Myself & Bad Romance【Completed】 Where stories live. Discover now