【01】

2.7K 262 57
                                    

⟨ Unicode Version ⟩
Me, Myself & Bad Romance
- EP 01 -

“  ....  နောင်နှစ်အနည်းငယ်အတွင်း ယောင်္ကျားလေးများ ကိုယ်ဝန်ဆောင်နိုင်ဖို့ အမှန်တကယ်ဖြစ်လာတော့မှာဟု တောင်ကိုးရီးယားထိပ်တန်းဆရာဝန်များမှ သုံးသပ်ခဲ့ကြပါတယ် .... ရှေ့ဆက်ပြီး ...  ”

တီဗွီမှာ လာနေတဲ့သတင်းကိုကြည့်နေရင်း လက်ထဲက ရေခဲမုန့်ကို ခူးခပ်စားလိုက်တဲ့ ကလေးငယ်လေး။ ဘေးနားမှာတော့ သူ့ထက်၅နှစ်ငယ်တဲ့၅နှစ်သားလေးကလည်း သူ့လိုပင် ရေခဲမုန့်ကို တစ်ဇွန်းချင်းစီ စားနေသည်။ သို့ပေမယ့် နားတွေကတော့ သတင်းကို နားထောင်နေတာမို့ ဘာတွေကြေညာနေလဲဆိုတာ နှစ်ယောက်လုံး သေချာကြားပါသည်။

“ ... မဖြစ်နိုင်တဲ့သတင်းတွေ ကြေညာနေတာပဲ ... ”

သူ ရေရွတ်ရင်း ဘေးနားက သူ့ထက်အငယ်ကို ကြည့်လိုက်မိသည်။

" ဂုဂီ!  မင်းကော ... ယောင်္ကျားလေးတွေ ကလေးမွေးနိုင်တယ်လို့ ထင်လား ..."

၅နှစ်အရွယ်ကလေးကတော့ သူ့မေးခွန်းကြောင့် သူ့ကို မော့ကြည့်လာသည်။

" ... အင်း!! ဖြစ်နိုင်တယ်လို့ထင်တယ် ... တီတီကဖြစ်နိုင်တယ်လို့ပြောတယ် ... ဘာဖြစ်လို့လဲ... ကိုကိုက ကလေးလေးလိုချင်တာလား ... ဒါဆိုရင် သားသား ကြီးလာကျရင် ကိုကို့အတွက် သားသားနဲ့တူတဲ့ကလေးလေးမွေးပေးမယ်လေ ... သားသားလေးရော မီးမီးလေးရော မွေးပေးမယ်!! "

ဘာမှ နားမလည်သည်မို့ အစ်ကိုဖြစ်သူ စိတ်ချမ်းသာအောင် ဖြေလိုက်ပုံပေါ်သည်။ သို့ပေမယ့် ၅နှစ်အရွယ်ကလေးငယ်လေးရဲ့စကားကြောင့် တစ်ဖက်က ၁၀နှစ်သားလေး ပြုံးလိုက်မိသည်။

" ... မင်းစကားနဲ့ မင်းနော် ... အဲ့ဒီ့အချိန်ရောက်မှ ထွက်ပြေးရင် ငါမင်းကို တစ်သက်လုံးပြန်မခေါ်ဘူးမှတ် "

" ဟာ ~~ ကိုကိုကလည်း သားသားအပေါ်ကို အဲ့လိုမလုပ်ရဘူးနော် ... သားသားမှာ ကိုကိုကလွဲရင် ဘယ်သူမှ မရှိတာမို့လို့ သားသားကို မခေါ်တာမျိုး မလုပ်ရဘူးနော် "

Me, Myself & Bad Romance【Completed】 Where stories live. Discover now