【26】

1.1K 164 61
                                    

⟨ Unicode Version ⟩
Me, Myself & Bad Romance

" တင်း တောင်! "

ဧည့်ခန်းထဲ ကလေးနဲ့မိခင် ပညာပေးအစီစဉ်ကြည့်နေရင်း လူခေါ်ဘဲလ်မြည်လာသည်မို့ သူလန့်သွားမိသည်။

ဟင် ကိုကိုများလား ..

သူ ခူရို့အိမ်မှာ ရှိနေတာ တစ်ပတ်ပြည့်ပြီမို့ ကိုကို သူ့ကို လာပြန်ရှာတာလား တွေးလိုက်မိပေမယ့် မဖြစ်နိုင်။ ကိုကိုလွမ်းနေမယ်လို့ သူ တစ်ယောက်တည်း ရူးနေရတဲ့ ထင်ယောင်ထင်မှား မျှော်လင့်ချက်တစ်ခုသာဖြစ်သည်။ နေ့ခင်းပိုင်း ရုံးချိန်ကြီးမို့လို့ ခူရိုတို့ပြန်လာတာလည်းမဖြစ်နိုင်၊ ခူရို့အိမ်ကို ခူရို့အသိတွေ လာလည်တာလားဆိုတဲ့စိတ်နဲ့ တံခါးဝထိသွားကာ သူကြည့်မိတော့ ပေါ်လာတဲ့ပုံရိပ်ကြောင့် သူလန့်သွားမိသည်။

" တီတီ!!"

ကိုကို့မာမီ တီတီ့ကို မြင်လိုက်ရတာမို့ သူအရမ်းအံ့ဩကာ တံခါးကို အလျင်အမြန်ဆွဲဖွင့်မိသည်။ အဲ့ဒီ့တော့မှ တစ်ဆက်တည်း မြင်လိုက်ရတာက ကိုကိုထယ်ဟျောင်း။

" ဟိုင်း! ဂျောင်ဂျောင်ကုလေး "

ဝမ်းသာအားရနဲ့ ကိုကိုထယ်ဟျောင်းနှုတ်ဆက်လာတော့ သူမျက်ဝန်းအဝိုင်းသားနဲ့ ကြည့်နေမိသည်။ နှစ်တော်တော်ကြာမတွေ့ရတဲ့အစ်ကိုဖြစ်သူကို မြင်လိုက်ရတော့ သူ့ခမျာ ပျော်တာတွေရော၊ သတိရတာတွေရော ရောထွေးရှုပ်ယှက်ခတ်သွားမိသည်။

" ကိုကိုထယ်ဟျောင်း!!"

သူ ဝမ်းသာအားရ ပွေ့ဖက်မိတော့ ကိုကိုထယ်ဟျောင်းက သူ့ကျောပြင်ကို ခပ်ဖွဖွလေး ပွတ်သပ်သည်။ တီတီကတော့ သူနဲ့ ကိုကိုထယ်ဟျောင်းကို ကြည့်နေဆဲ။

" .. သားသားအရမ်းကြီးလာပြီပဲ ... ဖုန်းထဲမှာ မြင်ရတုန်းက တကယ်ပိစိလေးလိုနဲ့ ... အခုကျတော့ ~~ "

ကိုကိုထယ်ဟျောင်းက သူ့ကို သေချာစိုက်ကြည့်ကာ ပြောလာလေတော့ သူလည်း ရယ်သွေးသမ်းရင်း ခေါင်းသာခါမိတော့သည်။

Me, Myself & Bad Romance【Completed】 Where stories live. Discover now