【03】

1.3K 159 84
                                    

⟨ Unicode Version ⟩
အပိုင်း သုံး

 “  ..... 'ဂျင်' ရှီက ဒီလောက်ချောမောတဲ့ရုပ်ရည်နဲ့ဆိုရင် ကျောင်းတုန်းက ကောင်မလေးတွေ ဝိုင်းဝိုင်းလည် ဖြစ်ခဲ့မှာပဲ ... ရိုမန့်တစ်ဇာတ်လမ်းလေးတွေ ဘာတွေများရှိခဲ့ရဲ့လား ... ”

အစီစဉ်တင်ဆက်သူရဲ့မေးခွန်းအဆုံး သူ ခေါင်းညိတ်ရင်း ရယ်လိုက်သည်။

" ဒါပေါ့ ကျွန်တော့်မျက်နှာနဲ့ဆို အကုန်လုံးကို ဖမ်းစားနိုင်တယ်လေ ... "

"လက်ရှိမှာရော စိတ်ဝင်စားနေတဲ့သူရှိလား "

" ... ရှိတယ်! တွဲနေတဲ့သူတောင်ရှိတယ် "

သူ့စကားကြောင့် ရှိနေတဲ့ ဝန်ထမ်းတွေအပါအဝင် အစီစဉ်တင်ဆက်သူပါ မျက်လုံးတွေပြူးသွားရတော့သည်။ သူ့မန်နေဂျာကတော့ သွေးတက်နေပြီဖြစ်သည်။

" အာ ~~ ဆော့ဂျင် ဆော့ဂျင် ... ပွဲစီစဉ်သူဆီက ဖုန်းလာနေတယ် ..."

" ကဒ်!!! "

သူ့အဖြေကြောင့် ချက်ချင်းပင် မန်နေဂျာအစ်ကိုက ရိုက်ကွင်းထဲဝင်ကာ Ngဖြစ်အောင်လုပ်ရင်း မလာတဲ့ဖုန်းကို ဟန်ဆောင်ကမ်းပေးပြီး ဆွဲထုတ်လာသည်။

" ကင်ဆော့ဂျင်ရဲ့!! ဘာပေါက်ကရတွေ လုပ်နေတာလဲ ... မင်း နာမည်ကြီးတယ်ဆိုတိုင်း ဖြေလို့မရဘူးလေ ... မင်းသက်တမ်းက နှစ်နှစ်ကျော်ကျော်ပဲရှိသေးတယ်ဆိုတာ သဘောပေါက် ... ငါ့ကိုပြသနာမဖြစ်အောင် လုပ်လို့မရဘူးလား ..."

သူ စိတ်ထင်ရာလုပ်တိုင်း ပြန်ဖြေရှင်းပေးရတဲ့ မန်နေဂျာအစ်ကိုက ထပ်‌ခါတလဲလဲ ပြောနေကျစကားတွေပြောလာတာ့ သူ ခေါင်းညိတ်လိုက်သည်။

" အစ်ကိုပဲပြောခဲ့တာလေ အမှန်အတိုင်း ရိုးရိုးသားသားနေဆို ... ပြီးတော့ ကျွန်တော်ကလည်း relationship နဲ့ ပတ်သက်ရင် လိမ်မှာမဟုတ်ဘူးလို့ ပြောပြီးသားနော် .. "

" သိတယ် သိတယ် ... ဒါပေမဲ့ ဒီ ချစ်သူရှိလားဆိုတဲ့မေးခွန်းတွေအကုန် ကန့်သတ်မေးခွန်းထဲ ထည့်ထားတာကို ... ဘာဖြစ်လို့ အစီစဉ်တင်ဆက်သူက မေးချလိုက်ရတာလဲ ... က‌င်ဆော့ဂျင် ငါ့ကို Big Hitကနေ ကန်ထုတ်ခံထိအောင် မလုပ်ပါနဲ့ .."

Me, Myself & Bad Romance【Completed】 Where stories live. Discover now