【19】

1.7K 178 125
                                    

⟨ Unicode Version ⟩
Me, Myself & Bad romance
အပိုင်း ၁၉

ခန်းဆီးကန့်လန့်ကာတွေကို ဆွဲဖွင့်လိုက်တော့ အိပ်ပျော်နေတဲ့ကောင်ငယ်လေး လူးလွန့်လာသည်။ နေရောင်နုနုက မှန်ပြတင်းကနေ ဝင်ဖြတ်လာတော့မှ ထိုကောင်လေး မျက်လုံးတွေကို ပွတ်သပ်ကာ သူ့ကို ကြည့်သည်။  နေရောင်ထိုးနေတာမို့ မြင်ရမယ်လို့တော့ သူမထင်။

" နိုးပြီလား ~~ ကိုယ်လက်သန့်စင်ပြီး မနက်စာစားလိုက်ဦး ... ပြီးရင် ဟိုအပေါ်မှာ ထုတ်ထားပေးတဲ့အဝတ် ဝတ်ပြီး ဆင်းလာခဲ့ "

မချိုသာနိုင်သေးတဲ့စကားလုံးတွေကို ရေရွတ်တော့ ထိုကောင်ငယ်လေးက နားမလည်သလို ကြည့်ကာ ဖြည်းဖြည်းချင်းထထိုင်ဖို့ ကြိုးစားသည်။ အဲ့ဒီတော့မှ သူ့ကိုမြင်သွားပုံပေါ်သည်။ အိပ်ရာနိုးနိုးချင်း ပြူးတူးပြဲတဲနဲ့ ဘာဖြစ်ခဲ့လဲ ပြန်စဉ်းစားနေပုံရသည်မို့ သူ စိတ်မရှည်စွာ ကုတင်ပေါ်  ထိုင်ချရင်း ဂျောင်ဂုလက်တွေကို ဆွဲယူရှင်းပြမိသည်။

" ... အခု အိမ်ကြီးဆီပြန်ရောက်နေတာ ... မင်းကို ဂရုစိုက်ပေးတာမျိုး လိုချင်နေတာမလား ... အပြည့်အဝဂရုစိုက်ပေးလို့ရပြီး နေမကောင်းဖြစ်တာမျိုး ထပ်မဖြစ်ရအောင် ဒီနေ့ကစပြီး ဒီမှာပဲနေမယ် ... ပြီးတော့ ဒါငါ့အခန်း ~~ "

သူပြောမိတော့မှပဲ မျက်မှောင်ပိုကြုတ်ကာ သူဆုပ်ကိုင်ထားမိတဲ့လက်ကို ပြန်ဆွဲယူလေတော့ သူအလွှတ်မပေးဘဲ တင်းတင်းကျပ်ကျပ်ပြန်ဖမ်းဆွဲလိုက်မိသည်။

" ဒါ အစ်ကို့အခန်းဆိုတော့ ကျွန်တော်က ထွက်သွားပေးရမယ့်ပုံပဲ ... "

ထိုစကားကြောင့် ဆော့ဂျင် ဂျောင်ဂု နဖူးကို လက်ညှိုးလေးနဲ့ တောက်လိုက်မိသည်။

" အ့! "

" ဘယ်ကို ထွက်သွားချင်နေပြန်ပြီလဲ ... ငါ့အခန်းပါဆို ~~  သေချာကြည့်! "

အဲ့ဒီ့တော့မှ ဂျောင်ဂုက အခန်းဝန်းကျင်တွေကို ဝေ့ဝိုက်ကြည့်တော့ မျက်ဝန်းတွေ အရောင်ပြောင်းသွားတာ သတိထားမိလိုက်သည်။

Me, Myself & Bad Romance【Completed】 Where stories live. Discover now