【08】Part • 1 Final

1.2K 161 62
                                    

⟨ Unicode Version ⟩
Me, Myself And Bad Romance
• အပိုင်း ၈ •

လက်ထဲက မီးခြစ်ကို ဆော့ကစားနေမိရင်း ဘောင်းဘီအိတ်က ခပ်မာမာအတောင့်လေးကို သူ ဆုပ်ကိုင်ထားမိသည်။ အဲ့ဒီ့နောက် ကျောင်းနံရံမှာ မှီလိုက်ရင်း ကိုကို မလုပ်နဲ့လို့ တားမြစ်ထားတဲ့ အရာတစ်ခုကို သူ လုပ်ဖို့ ချီတုံချတုံဖြစ်နေမိသည်။ မနေ့ ဆင်းရုံဆင်းပြီးကတည်းက သူ ကိုကို့ဆီက စာတွေ မကြည့်ဖြစ်သလို ကိုကို့ဖုန်းတွေကို မကိုင်ဖြစ်။ ပုံမှန်နေ့တွေလိုဆို သူ ဖုန်းမကိုင်တိုင်း ကိုကို သူ့ဆီရောက်နေပြီဖြစ်ပေမယ့် အခုကျတော့ ကုမ္ပဏီက ကိုကို့ကို စောင့်ကြည့်နေပုံရသည်။

  " ဟင်း

သူ သက်ပြင်းချရင်း လမ်းခွဲဖို့ ဘယ်ကနေစပြောရမလဲ စဉ်းစားနေမိသည်။ ကိုကိုနဲ့လမ်းခွဲပြီးရင်လည်း ကိုကိုမရှိဘဲ သူနေနိုင်ဖို့မျှော်လင့်မိလိုက်သည်။

" ... နင်က ဘာကောင်မမို့လဲ ... ဂျွန်ဂျောင်ဂုအနားကို တပူးပူး တကပ်ကပ်နေရအောင်~~ အခုတော့ တူတူမရှိနေနိုင်တော့ဘူးမလား .. ဂျောင်ဂုက ကန်ထုတ်လိုက်ပြီမဟုတ်လား ..."

ရုတ်တရက် သူ့နာမည်ကြောင့် နံရံကိုမှီရာကနေ ကျောလေးမတ်ရင်း နားလေးစွင့်လိုက်သည်။ အဲ့ဒါထက် ဒီနေရာကို ဆေးလိပ်ခိုးသောက်တဲ့စီနီယာကြီးတွေကလွဲ သိပ်မလာကြတာမို့ အခုရောက်လာတဲ့မိန်းကလေးတွေက ဘယ်သူတွေများလဲ သူ စူးစမ်းမိလိုက်သည်။

" ... ရန်ဖြစ်ချင်စိတ်မရှိဘူး ဖယ်နေ ..."

ရင်းနှီးပြီးသား သူငယ်ချင်းမရဲ့အသံမို့ သူမျက်မှောင်ကြုတ်ရင်း ထိုနေရာကို လှမ်းကြည့်မိသည်။ မသုံးတော့တဲ့ ကျောင်းဆောင်ကြားမှာ မြင်လိုက်ရတာက ရှင်းခူရိုကို ဝိုင်းထားကြတဲ့သုံးယောက်ပင်။ ဘယ်အတန်းကလဲတော့ သူမသိ။

" ... ငါကတော့ ရန်ဖြစ်ချင်တယ် ဘယ်လိုလုပ်မလဲ .."

ပြောပြောဆိုဆို တစ်ဖက်ကကောင်မလေးက  ခူရို့ဆံပင်ဆွဲကာ ခြေထောက်ကို ကန်လာတာမို့ သူ ထိုနေရာကို ရောက်အောင် သွားမိသည်။ ခူရိုကလည်း ငြိမ်ခံသူမဟုတ် တစ်ဖက်က ကောင်မလေးကို ဆံပင်ပြန်ဆောင့်ဆွဲကာ အနိုင်ရဖို့ ကြိုးစားပေမယ့် သုံးယောက်တစ်ယောက်မို့ ကြားထဲ ညှပ်နေသည်။

Me, Myself & Bad Romance【Completed】 Where stories live. Discover now