【07】

974 136 27
                                    

⟨ Unicode Version ⟩
• Me , Myself And Bad Romance •
- အပိုင်း ၀၇ -

" သား ဆော့ဂျင် ~~ ဂျောင်ဂုကို သေချာ ဂရုစိုက် ~~ သူ မင်းကို အလိုမကျလို့ ဂျစ်ကန်ကန်လုပ်ရင်တောင် သည်းခံပေးလိုက်ပါ "

စကရင်တစ်ဖက်ခြမ်းမှာ စိတ်အလိုမကျမှုတွေ၊ စိုးရိမ်မှုတွေနဲ့ နေမထိထိုင်မသာဖြစ်နေတဲ့ သားဖြစ်သူကို သူမ ချော့မော့မိသည်။ ဒီကလေးနှစ်ယောက် ဘယ်လိုသဘောရှိလဲဆိုတာ သူမ သိပေမယ့် မသိချင်ယောင်ဆောင်ထားတာဖြစ်သည်။

// " မာမီက သတင်းတွေမြင်ပြီး သားသားကို ဘာပြောလိုက်တာလဲ ... ကျွန်တော် ရောက်တော့ သူ့ခမျာ နှင်းတွေကြားထဲမှာ ခွေခွေလေးမေ့နေတာ ... တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ .. သားသားကို မာမီ ဆူစရာအကြောင်းကို မရှိတာနော် ... ပြီးတော့ အဲ့သတင်းတွေက ဟုတ်တော့ရော ဘာဖြစ်လဲ ... သားသားကို ကျွန်တော်က ချစ်လို့တွဲတယ်! အဲ့ဒီတော့ ဘာဖြစ်လဲ ... မာမီပြောချင် ကျွန်တော့်ကိုပြော သားသားကို မထိနဲ့... ကျွန်တော် မကြိုက်ဘူး "//

အထင်အမြင်တွေလွဲနေတဲ့ သားဖြစ်သူကို သူမ ဝမ်းနည်းစွာ ပြုံးပြလိုက်ရင်း သက်ပြင်းချလိုက်မိသည်။ ဒီတစ်ခါတော့ သားဖြစ်သူကို မဆူရက်တော့။

" ... မင်းနဲ့သားသားအကြောင်းကို မာမီ ဘာမှ မပြောလိုဘူး ဒါပေမဲ့ ... သားသားက ကလေးမဟုတ်တော့ဘူး ဆော့ဂျင် ~~ ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ သူ့ခံစားချက်တွေ ပြင်းထန်နေတဲ့အချိန် မင်းအနိုင်မယူဖို့ မျှော်လင့်ပါတယ်
.... သားသားကို မာမီ့ကိုယ်စား စောင့်ရှောက်ပေးပါ ... မာမီ ဒါပဲ ပြောချင်တယ် "

အဲ့ဒီ့နောက် သူမ ဘက်ကအရင်ဆုံး ဖုန်းလိုင်းလေးကို ဖြတ်တောက်ကာ ပြန်ပေါ်လာတဲ့အတိတ်က ဖြစ်ရပ်တွေဆီက လွတ်မြောက်ဖို့ ခဏတာ ငြိမ်သက်နေလိုက်မိသည်။ သို့ပေမယ့် မလွတ်မြောက်နိုင်မှန်း သိနေလေတော့ နာကျင်ရတဲ့အတိတ်ကို ခဏတာဝေ့ဝိုက်ရင်း မှားခဲ့မိတဲ့အမှားတစ်ခုကို ပြန်ဆင်ခြင်နေမိခဲ့တော့သည်။

~~~

တကယ်တော့ သူမ ဘဝမှာ အချစ်ဆိုတာ ဘာမှန်းမသိ။ အဲ့ဒီလို မသိနေရင်းကနေ လူကြီးချင်းသဘောတူတဲ့စေ့စပ်ပွဲကြောင့် သတိုးသားဖြစ်လာမယ့် ကင်မင်ဆွန်းဆိုတဲ့လူကြီးကို သူမ သိပ်သဘောကျခဲ့ရသည်။ ‌ကင်မင်ဆွန်းဆိုတာကတောက်ပတဲ့ကြယ်တစ်ပွင့်ဖြစ်တဲ့အပြင် စီးပွားရေးအရပါ အရမ်းတော်ပြီးထက်မြက်တဲ့ ပျိုတိုင်းကြိုက်နှင်းဆီခိုင်ကြီးဖြစ်သည်။ စတွေ့ကတည်းက သူမအပေါ်ကို အရောတဝင်မရှိတာတောင် သူ့အရှိန်အဝါတွေက သူမအပေါ်ဖြာကျခဲ့တာမို့ တိတ်တိတ်လေးရင်ခုန်ပြီး ချစ်ခဲ့ရသည်။  ကျောင်းသားဘဝတုန်းက ကောင်လေးတစ်ချို့နဲ့ တွဲဖူးတယ်ဆိုတာ ကြားဖူးပေမယ့် သူမကတော့ အချစ်ကိုစုံလုံးကန်းပြီး ယုံကြည်ခဲ့သည်။ သူမကို လှည့်မကြည့်တဲ့အမျိုးသားတစ်ယောက်အတွက်နဲ့ပေါ့။

Me, Myself & Bad Romance【Completed】 Where stories live. Discover now